ဝတ်ပြုရာကျမ်း 23:40
ပဌမ နေ့ ၌ ကောင်းမွန် သော သစ်သီး ၊ စွန်ပလွံ ခက် ၊ မိုဃ်းမခ ပင် အစရှိသော အရွက်များ သော အပင် ၏ အကိုင်း အခက်တို့ကိုယူ ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ရက် ပတ်လုံးရွှင်လန်း ခြင်းကို ပြုရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 12:12ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ တို့နှင့် ကိုယ် အဘို့ မရှိ၊ အမွေ မ ခံရဘဲ၊ သင် တို့၌ တည်းခို သော လေဝိသား တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ရွှင်လန်း ခြင်းကို ပြုရကြမည်။
Nehemiah 8:14သတ္တမ လ ပွဲ ကိုခံကြစဉ် ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ ၌ နေ ရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရား ထား တော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထား ကြောင်းကို တွေ့ ကြ၏။
Isaiah 35:10ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ ၊ သီချင်း ဆိုလျက် ၊ ထာဝရ ဝမ်းမြောက် ခြင်း သရဖူ ကို ဆောင်း လျက်၊ ဇိအုန် မြို့သို့ ရောက် ကြ လိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်း အခွင့် ကို ရကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။
Matthew 21:8အတိုင်းမသိ များစွာ သောလူတို့သည် မိမိ တို့အဝတ် ကို လမ်း ၌ ခင်း ကြ၏။ အချို့ တို့သည် သစ် ကိုင်း သစ်ခက်များကိုခုတ် ၍ လမ်း ၌ ခင်း ကြ၏။
John 16:22ထိုနည်းတူ၊ ယခု တွင် သင် တို့သည် ဝမ်းနည်း ခြင်းရှိ ကြသော်လည်း ၊ နောက် တဖန်သင် တို့ကို ငါတွေ့မြင် သဖြင့် သင် တို့သည်စိတ် နှလုံးဝမ်းမြောက် ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက် ခြင်းကို အဘယ်သူ မျှလုယူဖျက်ဆီးခြင်းငှာမတတ်နိုင်။
Philippians 3:3ငါ တို့သည် စိတ်ဝိညာဉ် အားဖြင့်ဘုရားသခင် ကို ကိုးကွယ် ၍ ၊ ဇာတိ ၌ ကိုးစား ခြင်းမ ရှိဘဲ၊ ယေရှု ခရစ် ၌ သာ ဝါကြွား ဝမ်းမြောက်သောသူ ဖြစ်၍၊ မှန်သောအရေဖျားလှီး ခြင်းကို ခံသောသူဖြစ် ကြ၏။