ရှင်ယောဟန်ခရစ်ဝင် 16:22
ထိုနည်းတူ၊ ယခု တွင် သင် တို့သည် ဝမ်းနည်း ခြင်းရှိ ကြသော်လည်း ၊ နောက် တဖန်သင် တို့ကို ငါတွေ့မြင် သဖြင့် သင် တို့သည်စိတ် နှလုံးဝမ်းမြောက် ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက် ခြင်းကို အဘယ်သူ မျှလုယူဖျက်ဆီးခြင်းငှာမတတ်နိုင်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်ယောဟန်ခရစ်ဝင် 16
Cross References
Psalms 146:2ငါ သည် အသက်ရှင် စဉ်အခါ ၊ ထာဝရဘုရား ကို ချီးမွမ်း မည်။ ငါ ဖြစ်စဉ် ကာလ ပတ်လုံး၊ ငါ ၏ဘုရား သခင်ကို ထောမနာသီချင်း ဆိုမည်။
Isaiah 25:9ထို ကာလ ၌ ကြည့်ရှုလော့။ ဤအရှင်ကား၊ ငါတို့ မြော်လင့်သော၊ ငါ တို့၏ဘုရား သခင်တည်း။ ငါ တို့ကို ကယ်တင် တော်မူလိမ့်မည်။ ဤ အရှင်ကား၊ ငါတို့မြော်လင့် သော ထာဝရ ဘုရားတည်း။ ကယ်တင် တော်မူခြင်းကျေးဇူးကြောင့် ၊ ငါတို့သည် ဝမ်းမြောက် ရွှင်လန်းကြကုန်အံ့ဟုဆို ကြလိမ့်မည်။
Isaiah 54:7သင့်ကို ခဏ သာ ငါစွန့် သည် ဖြစ်၍ ၊ များ စွာသော ကရုဏာ နှင့် တဖန်သိမ်းဆည်း ဦးမည်။
Isaiah 65:18ငါ ဖန်ဆင်း လတံ့သောအရာကြောင့်၊ သင်တို့သည် အစဉ် အမြဲဝမ်းမြောက် ရွှန်လန်း ကြလိမ့်မည်။ ယေရုရှလင် မြို့ကို ဝမ်းမြောက် စရာအကြောင်း၊ မြို့ သား တို့ကို ရွှင်လန်း စရာအကြောင်းဖြစ်စေခြင်းငှါ ငါ ဖန်ဆင်း ၏။
Habakkuk 3:17သင်္ဘောသဖန်း ပင် မ ပွင့် ရ၊ စပျစ် ပင်မ သီး ရ၊ သံလွင် ပင်၏ကျေးဇူး ကို မြော်လင့်၍မ ခံရ၊ လယ် တို့သည် အသီးအနှံ ကို မ ပေး ရ၊ သိုးခြံ ၌ သိုး ကုန် ၍ တင်းကုပ် ၌ နွား မ ရှိရ။
Luke 10:42မာရိ မူကား ၊ ကောင်း သောအဘို့ ကို ရွေးယူ ပြီ။ ထို အဘို့ကို အဘယ်သူမျှ မ နှုတ် မယူရာ ဟု မိန့် တော်မူ၏။