ဝတ်ပြုရာကျမ်း 26:43
ထိုပြည် သည် သူ တို့ လက်မှ လွတ် ၍၊ သူ တို့မရှိဘဲ လူဆိတ်ညံ လျက်နေစဉ် တွင် မိမိ ဥပုသ် နေ့တို့၌ မွေ့လျော် လိမ့်မည်။ သူတို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်များကို ရွံရှာ ၍ မထီမဲ့မြင် ပြုသော အပြစ် ကြောင့်၊ ခံရသောဒဏ်ကို ဝန်ခံရကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 26:30သင် တို့မြင့် သော အရပ်များကို ငါဖြိုဖျက် ၍ ၊ ရုပ်တု ဆင်းတုများကို ခုတ်လှဲ မည်။ သင် တို့အသေ ကောင် များကို၊ ရုပ်တု ဆင်းတုအသေ ကောင်အပေါ် မှာ ပစ်ချ ၍ ၊ သင် တို့ကို စက်ဆုပ် ရွံရှာမည်။
Leviticus 26:41ငါ သည် သူ တို့ကို ဆန့်ကျင် ဘက်ပြု၍ ရန်သူ ပြည် သို့ ပို့ဆောင် သော အကြောင်းများနှင့်တကွ၊ ကိုယ် အပြစ် ၊ ဘိုးဘ တို့ အပြစ် များကို ဘော်ပြ တောင်းပန်လျှင်၎င်း၊ အရေဖျား လှီးခြင်းကို မခံသော မိမိ တို့ နှလုံး ကို နှိမ့်ချ ၍ ၊ မိမိ တို့အပြစ် ကြောင့် ခံရသောဒဏ်ကို ဝန်ခံလျှင်၎င်း၊
2 Kings 17:7အကြောင်း မူကား၊ အဲဂုတ္တု ပြည် နှင့် အဲဂုတ္တု ဖာရော ဘုရင် လက် ထဲက ကယ်နှုတ် တော်မူသောမိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို ဣသရေလ အမျိုးသား တို့ သည် ပြစ်မှား ၍ အခြား တပါးသော ဘုရား တို့ကို ရိုသေ ကြ၏
2 Chronicles 36:14ထိုမှတပါး ၊ ယဇ်ပုရောဟိတ် အကြီး များနှင့် ပြည်သူ ပြည်သားရှိသမျှ တို့သည်၊ တပါးအမျိုးသား ရွံရှာဘွယ် ပြုသည်အတိုင်း ၊ အလွန် ပြစ်မှား ကြ၏။ ယေရုရှလင် မြို့၌ ထာဝရဘုရား သန့်ရှင်း စေတော်မူသော ဗိမာန် တော်ကို ညစ်ညူး စေကြ၏။
Job 5:17အပြစ်နှင့်အလျောက်ဘုရား သခင်စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာ ရှိ၏။ ထိုကြောင့် အနန္တ တန်ခိုးရှင် ဆုံးမ တော်မူခြင်းကို မထီမဲ့မြင် မ ပြုပါနှင့်။
Psalms 50:15အမှု ရောက်သည်ကာလ ၌ ငါ့ ကိုပဌနာ ပြုလော့။ ငါသည် ကယ်လွှတ် မည်။ သင် သည်လည်း ငါ့ ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။