ဝတ်ပြုရာကျမ်း 7:14
ပူဇော် သက္ကာရှိသမျှ အထဲ က မုန့်တလုံး ကို ထာဝရဘုရား အား ချီမြှောက်သော ပူဇော် သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယ ယဇ် အသွေး ဖြန်း သောယဇ် ပုရောဟိတ် ယူ ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 6:26အပြစ် ဖြေဘို့ ပူဇော်သော ယဇ် ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေး ရာ တဲ တော်ဝင်း အတွင်းတွင် သန့်ရှင်း ရာဌာန ၌ စား ရမည်။
Numbers 18:8တဖန် ထာဝရဘုရား သည် အာရုန် အား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့သည် သန့်ရှင်း စေ၍ ဆက်ကပ်သမျှ သောပူဇော်သက္ကာတို့အထဲက၊ ငါ့ အား ချီးမြှောက်သော ပူဇော်သက္ကာ တို့ကို သင် ၌ အပ် ၍၊ သင် နှင့် သင် ၏သား တို့အဘို့ ဖြစ်စေခြင်းငှါ၊ ထာဝရ ပညတ် တရားအားဖြင့် ငါပေး ၏။
Numbers 18:24ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား အား ပူဇော်သက္ကာ ပြုသော ကိုယ်ဥစ္စာဆယ်ဘို့တဘို့ ကို၊ လေဝိ သားအမွေ ခံစရာဘို့ ငါပေး ပြီ။ ထို့ကြောင့် သူတို့ သည် ဣသရေလ အမျိုးသား တို့နှင့် ရော၍ အမွေ မ ခံရ ဟု ငါ့အမိန့် တော်ရှိ၏။
Numbers 31:41ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ရှေ့တော်၌ ချီမြှောက် ရာ ပူဇော်သက္ကာပြု ဘို့ရာအခွန် ကို ယဇ်ပုရောဟိတ် ဧလာဇာ အား အပ် ပေးလေ၏။