ဝတ်ပြုရာကျမ်း 7:18
မိဿဟာယ ယဇ် အသား အနည်းငယ်ကို၊ သန်ဘက် နေ့ ၌ စား မိလျှင် စိတ် တော်နှင့်မ တွေ့။ ပူဇော် သောသူ သည် အကျိုး ကိုမ ရ။ ရွံရှာ ဘွယ် ဖြစ် လိမ့်မည်။ စား သောသူ သည် ကိုယ် အပြစ် ကိုခံရ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
17ကြွင်း သေးသော အသား ကိုလည်း သန်ဘက် နေ့ ၌ မီး ရှို့ ရမည်။
Cross References
Leviticus 5:17တစုံ တယောက်သောသူသည်၊ ထာဝရဘုရား ပညတ် တော်မူသောအမှုတစုံ တခုကို ပြု ၍ ပြစ်မှား မိလျှင် ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သော်လည်း အပြစ် ရောက်၍ ထိုအပြစ် ကိုခံရ မည်။
Leviticus 10:19အာရုန် က၊ ယနေ့ သူတို့သည် လူများတို့ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်ကို ပူဇော် ပါပြီ။ အကျွန်ုပ် ၌ ထိုသို့ သော အမှုရောက် သည်တွင်၊ ယနေ့ အပြစ် ဖြေရာ ယဇ်သားကို စား မိလျှင် ၊ ထာဝရဘုရား နှစ်သက် တော်မူပါမည်လောဟု မောရှေ ကို ပြောဆို ၏။
Leviticus 11:41မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် ရှိသမျှ တို့သည် ရွံရှာ ဘွယ်ဖြစ်၍သင်တို့မ စား ရ။
Leviticus 19:5မိဿဟာယ ယဇ်ကို ထာဝရဘုရား အား ပူဇော် လျှင် ၊ စိတ် တော်နှင့်တွေ့အောင် ပူဇော် ရမည်။
Leviticus 20:17ယောက်ျား သည် အဘ ၏သမီး ၊ အမိ ၏သမီး ဖြစ်သော မိမိ နှမ နှင့်သင့် နေလျှင် ၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသား ချင်းတို့ ရှေ့မှောက် ၌ ပယ်ရှင်း ခြင်းကိုခံရကြမည်။ ထိုယောက်ျား သည် နှမ နှင့်သင့်နေသောကြောင့်၊ မိမိ အပြစ် ကိုခံရ မည်။
Leviticus 22:16ထိုအရာတို့ကို စား မိ၍ ပြစ်မှားသောအပြစ် ကို မခံ စေရ။ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေ သည်ဟု မိန့်တော်မူ၏။