ဝတ်ပြုရာကျမ်း 7:19
မ စင်ကြယ်သောအရာနှင့် ထိမိ သော ယဇ်သား ကို မ စား ရ။ မီး ရှို့ ရမည်။ စင်ကြယ် သောသူ တို့ သာလျှင် ထိုယဇ်သား ကို စား ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 19:11လူသေကောင် ကို ထိ သောသူသည် ခုနစ် ရက် မ စင်ကြယ်ဖြစ်လိမ့်မည်။
Acts 10:15နောက်တစ်ဖန် စကား သံကား၊ ဘုရားသခင် စင်ကြယ် စေတော်မူသောအရာ ကို ညစ်ညူး သည်မ ထင် နှင့်ဟု လာပြန်၏။
Romans 14:14အဘယ် အစာမျှ ပကတိ အတိုင်း မညစ်ညူး ကြောင်းကို၊ ငါသည်သခင် ယေရှု ကို အမှီပြု လျက်သဘောကျ၍ အမှန်သိ ၏။ သို့သော်လည်း ၊ ညစ်ညူး သည် ဟု အကြင်သူ သည်ထင် ၏။ ထိုသူ ၌ ညစ်ညူး ၏။
2 Corinthians 6:17ထိုကြောင့် ၊ ထာဝရ ဘုရားမိန့် တော်မူပြန်သည်ကား၊ သင်တို့သည်ထိုသူ တို့အထဲ မှ ထွက် ၍ အသီးအခြား နေကြလော့။ မ စင်ကြယ်သောအရာကိုလက်နှင့်မျှ မတို့ ကြနှင့်။ ထိုသို့ပြုလျှင်သင် တို့ကိုငါ သည် လက်ခံ မည်။