ဝတ်ပြုရာကျမ်း 7:30
ထာဝရဘုရား ရှေ့ တော်၌ ရင်ပတ် ကိုချီလွှဲ ၍၊ ချီလွှဲ သော ပူဇော်သက္ကာ ပြုစေခြင်းငှါ ၊ ရင်ပတ် နှင့် ဆီဥ တည်းဟူသောမီး ဖြင့် ထာဝရဘုရား အား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင် ခဲ့ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:24အာရုန် လက် ၊ သူ ၏ သား တို့လက် ၌ ထိုအရာတို့ကို ထား ပြီးလျှင် ၊ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ ၍၊ ချီလွှဲသော ပူဇော် သက္ကာ ပြုရမည်။
Leviticus 3:9အကောင်ဆီဥ ၊ ကျောရိုး ကတိတိဖြတ် သော အမြီး ရှိသမျှ ၊ အအူ ကို ဖုံး သော အဆီဥ ၊ အအူ နှင့် ဆိုင်သမျှ သောအဆီဥ၊
Leviticus 8:27အာရုန် ၏လက် ၊ သူ ၏သား တို့လက် ၌ ထိုအရာတို့ကို ထား ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ၊ ချီလွှဲ သဖြင့် ၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။
Leviticus 9:21ရင်ပတ် နှင့် လက်ျာ ပခုံး ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ၍၊ ချီလွှဲ သော ပူဇော်သက္ကာကို ပြုလေ၏။ ထိုသို့ ပြုရမည်ဟု မောရှေ မှာ ထားသတည်း။
Numbers 6:20ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာပူဇော်သက္ကာဘို့ ချီလွှဲ ရမည်။ ထိုအရာတို့သည်၊ ချီလွှဲ ရာရင်ပတ် ၊ ချီလွှဲရာ ပခုံး နှင့်တကွ၊ ယဇ်ပုရောဟိတ် အဘို့ သန့်ရှင်း ရမည်။ ထိုနောက်မှ ၊ နာဇရိ လူသည် စပျစ်ရည် ကို သောက် ရသောအခွင့်ရှိ၏။
Psalms 110:3တန်ခိုး တော်ပြသော နေ့ရက် ကာလ၌၊ ကိုယ်တော် ၏ လူ တို့သည် သန့်ရှင်း သော တန်ဆာ ကို ဆင်လျက်၊ ကြည်ညို သော စေတနာစိတ်ရှိ၍၊ လူပျို တော် တို့သည် နံနက် ဝမ်း ထဲက ထွက်သော ဆီးနှင်း ကဲ့သို့ဖြစ်ကြပါလိမ့်မည်။