ဝတ်ပြုရာကျမ်း 8:30
တဖန် ယဇ် ပလ္လင်ပေါ် မှာရှိသော အသွေး နှင့် လိမ်း ရန်ဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း၊ သူ ၏သား တို့နှင့် သူတို့အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့်၊ အာရုန် မှစ၍သား များ၊ အဝတ် များတို့ကို သန့်ရှင်း စေ လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:21ယဇ်ပလ္လင် ပေါ် မှာရှိသော အသွေး နှင့် လိမ်း စရာဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း ၊ သူ ၏ သား တို့နှင့် သူ တို့ အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့် ၊ အာရုန် မှစ၍ သား များ၊ အဝတ် များတို့သည် သန့်ရှင်း ကြလိမ့်မည်။
Leviticus 7:35ထိုသို့ အာရုန် နှင့် သူ ၏သား တို့သည်၊ ထာဝရဘုရား ရှေ့တော်မှာ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့ကို ခန့် ထားသောနေ့ ၌ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာများထဲက ၊ သူတို့ခံရသောအဘို့ ဖြစ်၏။
Leviticus 10:3ထိုအခါ မောရှေ သည် အာရုန် ကို ခေါ်၍၊ ထာဝရဘုရား က၊ ငါသည် သန့်ရှင်း ခြင်းရှိသည်ဟု ငါ့ ထံသို့ ချဉ်းကပ် သောသူတို့သည် မှတ်ရမည်။ လူ အပေါင်း တို့သည် ငါ့ဘုန်း ကို ချီးမြှင့်ရကြမည်ဟု မိန့် တော်မူရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန် သည် တိတ်ဆိတ် စွာ နေလေ၏။
Isaiah 61:1ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် မှာ တည်တော်မူ၏။ အကြောင်း မူကား၊ ဆင်းရဲ သားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြော စေခြင်းငှါ ၊ ငါ့ ကို ဘိသိက် ပေးတော်မူပြီ။ နှလုံး ကြေကွဲ သောသူတို့၏ အနာကို စည်း စေခြင်းငှါ ၎င်း၊ ဘမ်း သွားချုပ်ထားလျက် ရှိသောသူတို့ အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသောသူတို့ အား ထောင်တံခါးဖွင့် ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊
Galatians 5:22ဝိညာဉ် ပကတိ၏အကျိုး မူကား ၊ ချစ် ခြင်း၊ ဝမ်းမြောက် ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့် ခြင်း၊
1 Peter 1:2ပုန္တု ပြည်၊ ဂလာတိ ပြည်၊ ကပ္ပဒေါကိ ပြည်၊ အာရှိ ပြည်၊ ဗိသုနိ ပြည်၊ အရပ်ရပ်တို့၌ ကွဲပြား သော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။