ရှင်လုကာခရစ်ဝင် 14:23
သခင် က၊ မြို့ပြင်၊ လမ်းမ ၊ ခြံနား သို့ သွား ဦးလော့။ ငါ့ အိမ် ကို ပြည့် စေခြင်းငှာ အနိုင် အထက်ခေါ်သွင်း လော့။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 14
Cross References
Genesis 19:2အကျွန်ုပ် သခင် တို့၊ ကိုယ်တော် တို့ ကျွန် ၏အိမ် သို့ ဝင် ၍ တညဉ့် လုံးနေကြပါ။ ခြေ ကိုဆေး ကြပါ။ နံနက်စောစော ထ၍ ကြွ သွားကြပါလော့ဟု ဆို လေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့် လုံးလမ်း ၌ နေတော့မည်ဟု ဆို သော်လည်း၊
Psalms 110:3တန်ခိုး တော်ပြသော နေ့ရက် ကာလ၌၊ ကိုယ်တော် ၏ လူ တို့သည် သန့်ရှင်း သော တန်ဆာ ကို ဆင်လျက်၊ ကြည်ညို သော စေတနာစိတ်ရှိ၍၊ လူပျို တော် တို့သည် နံနက် ဝမ်း ထဲက ထွက်သော ဆီးနှင်း ကဲ့သို့ဖြစ်ကြပါလိမ့်မည်။
Isaiah 19:24ထို ကာလ ၌ ဣသရေလ အမျိုးသည် အဲဂုတ္တု အမျိုးနှင့် ၎င်း ၊ အာရှုရိ အမျိုးနှင့် ၎င်း ပေါင်း၍၊ တတိယ အမျိုးတည်းဟူသောမြေကြီး အလယ် ၌ မင်္ဂလာ ပြုသော အမျိုး ဖြစ် လိမ့်မည်။
Isaiah 49:5ငါသည် ထာဝရဘုရား ရှေ့ တော်၌ အသရေထင်ရှား ၍ ၊ ငါ ၏ဘုရား သခင်သည် ငါ့ ကို ခိုင်ခံ့ စေ တော်မူသည်အကြောင်းနှင့်တကွ၊ ဣသရေလ အမျိုးသည် အထံ တော်၌ စုဝေး စေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ် အမျိုးကို အထံ တော်သို့ တဖန် ဆောင် ခဲ့ရသောကျွန် ဖြစ် စေမည်အကြောင်း၊ ငါ့ ကို အမိဝမ်း ထဲ မှစ၍ဖန်ဆင်း တော်မူသောထာဝရဘုရား မိန့် တော်မူသည် ကား၊
Zechariah 14:8ထိုနေ့ရက် ၌ အသက် ရေ သည် ယေရုရှလင် မြို့မှ ထွက် ၍ ၊ နွေ ကာလဖြစ်စေ ၊ ဆောင်း ကာလဖြစ်စေ ၊ အရှေ့ ပင်လယ် သို့ တဝက် ၊ အနောက် ပင်လယ် သို့ တဝက် စီး သွား လိမ့်မည်။
Matthew 21:43ထို့ကြောင့် ငါဆို သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်ကို သင် တို့မှ နှုတ် ၍ နိုင်ငံ တော်၏အသီး ကို သီး အံ့သောလူမျိုး အား ပေး ရလတံ့။