ရှင်လုကာခရစ်ဝင် 17:1
တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား ၊ မှားယွင်း စရာအကြောင်းရှိ ရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေ သောသူ သည် အမင်္ဂလာ ရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 17
Cross References
Matthew 18:7မှားယွင်း စရာအကြောင်းများရှိသောကြောင့် လောကီသား တို့သည်အမင်္ဂလာ ရှိကြ၏။ မှားယွင်း စရာ အကြောင်း ရှိ ရမည်။ သို့သော်လည်း မှားယွင်း စရာအကြောင်းကို ဖြစ် စေသောသူ သည် အမင်္ဂလာ ရှိ၏။
Romans 14:20ဘုရားသခင် ၏ အမှု တော်ကို သင်၏အစာ အလိုငှာ မ ဖျက်ဆီး နှင့်။ အစာအမျိုးမျိုး တို့သည် စင်ကြယ် ၏။ သို့သော်လည်း သူတစ်ပါးထိမိ လဲစရာအကြောင်းနှင့် စား သော သူ သည်အပြစ် ရှိ၏။
1 Corinthians 8:13သို့ဖြစ်၍ ၊ ငါ၏အစား အသောက်သည် ငါ့ ညီအစ်ကို ကို မှားယွင်း စေလျှင် ၊ ငါ့ ညီအစ်ကို ၌ မှားယွင်း စရာအကြောင်းမ ရှိစေခြင်းငှာ ၊ အမဲသား ကို အစဉ်မပြတ် ရှောင် မည်။
1 Corinthians 11:19ကြားရသည်အတိုင်း မှန်ကောင်းမှန်လိမ့်မည်။ အကြောင်းမူကား ၊ သင် တို့တွင် ကောင်းမွန် သော သူ တို့ကို ထင်ရှား စိမ့်သောငှာ သင်းခွဲ ခြင်းရှိ ရ မည်။
Revelation 2:14သို့သော်လည်း ဣသရေလ အမျိုးသား တို့သည် ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စား စေခြင်းငှာ၎င်း ၊ မတရား သော မေထုန်ကို ပြုစေခြင်းငှာ၎င်း ၊ ထိမိ ၍ လဲစရာအရာကို သူတို့ရှေ့ ၌ ချထား မည်အကြောင်း၊ ဗာလက် မင်းကိုအကြံ ပေးသောသူ တည်းဟူသောဗာလမ် ၏ အယူ ကို စွဲလမ်း သောသူတို့သည် သင်၏နေရာ ၌ရှိ ကြသည်ဖြစ်၍ ၊ သင် ၌အနည်းငယ်သော အပြစ်တင်စရာရှိ ၏။
Revelation 13:14ကြီးစွာ သော နိမိတ် လက္ခဏာတို့ကိုလည်း ပြ ၏။ လူတို့ မျက်မှောက် ၌ ကောင်းကင် က မြေကြီး အပေါ်သို့ မီး ကို ဆင်း စေ၏။