ရှင်လုကာခရစ်ဝင် 17:2
ဤ သူငယ် တစ်စုံတစ်ယောက် ကို မှားယွင်း စေသည်ထက် ၊ လည်ပင်း ၌ ကြိတ်ဆုံ ကျောက် ကို ဆွဲ ၍ ပင်လယ် ၌ ချ ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 17
Cross References
Zechariah 13:7ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား ၊ ငါ ၏သိုးထိန်း တဘက် ၊ ငါ ၏ အပေါင်း အဘော်ဖြစ်သောသူ တဘက် ၌ နိုး လော့။ သိုးထိန်း ကို ရိုက် သတ်လော့။ သို့ပြုလျှင်၊ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်။ သိုးသငယ် တို့အပေါ် ၌လည်း ငါသည် ငါ့ လက် ကို တင် ဦးမည်။
Matthew 18:10သင် တို့သည် ဤ သူငယ် တစ်စုံတစ်ယောက် ကို မထီမဲ့မြင် မ ပြုမည်အကြောင်း သတိ ရှိကြလော့။ ငါဆို သည်ကား၊ သူ တို့၏ကောင်းကင်တမန် တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော ငါ့ အဘ ၏ မျက်နှာ တော်ကိုအစဉ်မပြတ် ဖူးမြင် ကြ၏။
Matthew 26:24ကျမ်းစာ လာသည်အတိုင်း လူ သား သည်သွား ရမည်။ သို့သော်လည်း လူ သား ကိုအပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကိုမ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။
John 21:15နံနက်စာကို စား ကြသည်နောက် ၊ ယေရှု က၊ ယောန ၏သား ရှိမုန် ၊ ဤ သူတို့သည် ငါ့ ကို ချစ်သည်ထက် သင်သည်သာ၍ချစ် သလော ဟု ရှိမုန် ပေတရု အားမေး တော်မူလျှင်၊ ဟုတ် ပါ၏သခင် ။ ကိုယ်တော် ကို အကျွန်ုပ်ချစ် သည်ကို ကိုယ်တော် သိ တော်မူ၏ဟု လျှောက် သော်၊ ငါ ၏သိုးသူငယ် တို့ကို ကျွေးမွေး လော့ ဟု မိန့် တော်မူ၏။
1 Corinthians 9:15သို့သော်လည်း ထိုအခွင့်ကို ငါ သည် အလျှင်း မ သုံး ။ သင်တို့သည် ငါ့ အား ထိုသို့ ပြု စေခြင်းငှာ ဤ စကား ကို ငါရေး သည်မ ဟုတ်။ အကြောင်းမူကား ၊ ငါ ဝါကြွား ခြင်းအခွင့်ကိုသူတစ်ပါး ဖျက်ဆီး သည်ထက် ငါ သေ သော် သာ၍ ကောင်း၏။
2 Peter 2:1သို့သော်လည်း ၊ ယုဒလူ တို့တွင် မိစ္ဆာ ပရောဖက် ရှိ ကြ၏။ ထိုနည်းတူ ဖျက်ဆီး တတ်သော မိစ္ဆာ ဒိဋ္ဌိ အယူများကို ပရိယာယ် အားဖြင့်သွင်း၍၊ မိမိ တို့ကို ဝယ် တော်မူသောအရှင် ကိုငြင်းပယ် လျက်၊ မိမိ အပေါ်သို့လျင် စွာသောဖျက်ဆီး ခြင်းကို ရောက် စေသော မိစ္ဆာ ဆရာတို့သည် သင် တို့တွင် ရှိ ကြလိမ့်မည်။