The Bible Software
ရှင်လုကာခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်လုကာခရစ်ဝင် 19

1ယေရှုသည် ယေရိခေါ မြို့သို့ ဝင် ၍ ရှောက်သွား တော်မူ၏။

2ထိုအခါ ဇက္ခဲ အမည် ရှိ သော အခွန် ခေါင်းတစ်ယောက်ရှိ ၏။ ထိုသူ သည် ငွေရတတ် သောသူ ဖြစ် ၏။

3ယေရှု သည် အဘယ်သို့ သောသူဖြစ် သည်ကို ထိုသူ သည် ကြည့် လို၍ ၊ လူအစုအဝေးများ သောကြောင့် ၊ မိမိ အရပ် လည်း နိမ့် သည်ဖြစ် ၍ မ မြင် နိုင် ။

4ထို့ကြောင့် ကြွ တော်မူမည့်လမ်းတွင် ရှေ့ သို့ ပြေး ၍ ကိုယ်တော် ကို မြင် အံ့သောငှာ သဖန်းပင် တပင်ကို တက် လေ၏။

5ထိုအရပ် သို့ ယေရှု သည် ရောက် တော်မူသောအခါ မျှော်ကြည့် ၍ ထိုသူ ကို မြင်တော်မူလျှင်၊

6ဇက္ခဲ ၊ မြန်မြန် ဆင်း လော့။ သင် ၏အိမ် ၌ ယနေ့ ငါ တည်း နေမည် ဟု မိန့် တော်မူ၏။ ဇက္ခဲသည် အလျင်အမြန် ဆင်း ၍ ဝမ်းမြောက် သောစိတ်နှင့် ကိုယ်တော် ကို မိမိအိမ်၌ ဧည့်ခံ လေ၏။

7ထိုအကြောင်း ကိုလူအပေါင်း တို့သည်မြင် လျှင် ၊ ဆိုး သောလူ ၏ အိမ်သို့ဝင် ၍ လုပ်ကျွေးခြင်းကို ခံ တော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင် ကြ၏။

8ဇက္ခဲ သည်လည်းရပ် နေ၍ ၊ သခင် ၊ အကျွန်ုပ် ၏ ဥစ္စာ တစ်ဝက် ကို ဆင်းရဲ သောသူ တို့အား ပေး ပါ၏။ တစ်စုံတစ်ယောက် သောသူ၏ဥစ္စာအနည်းငယ် ကို အကျွန်ုပ်ယူ မိလျှင် ၊ လေး ဆပြန် ၍ ပေးပါ၏ဟု သခင် ဘုရားကို လျှောက်ဆို ၏။

9ယေရှု ကလည်း ၊ ဤသူ သည် အာဗြဟံ ၏သား ဖြစ် သည်နှင့် အလျောက်၊ ယနေ့ ပင် ကယ်တင် တော်မူခြင်း ကျေးဇူးသည် ဤ အိမ် အပေါ်မှာသက်ရောက် လေ၏။

10လူ သား သည် ပျောက် သောသူ တို့ကိုရှာ ၍ ကယ်တင် အံ့သောငှာကြွလာ သတည်း ဟု ဇက္ခဲ ကို မိန့် တော်မူ၏။

11ထိုအခါယေရုရှလင် မြို့အနီး သို့ ရောက် တော်မူ၍၊ ဘုရားသခင် ၏နိုင်ငံ တော်သည် ချက်ခြင်း ပေါ်ထွန်း မည်ဟု လူများထင်မှတ် သောကြောင့် ၊ ပရိသတ် အလယ် ၌ မိန့် တော်မူသော ဥပမာ ကား ၊

12အမတ် တစ် ယောက်သည် မင်းကြီး အရာကို ခံ လို၍ မိမိ ပြည် သို့ ပြန်လာ မည်ဟု အကြံရှိလျက် ဝေး သော ပြည် သို့ သွား ၏။

13မသွားမှီ မိမိ ငယ်သား တစ်ကျိပ် ကိုခေါ် ၍၊ ငွေတစ် ပိဿာ စီအပ်ပေး လျက် ငါပြန် ၍ မ လာမှီတိုင်အောင်ကုန်သွယ်ခြင်းအမှုကိုပြုကြလော့ဟု မှာထား လေ၏။

14ပြည်သား အချို့သည် ထိုအမတ် ကို မနာလို ၍ ၊ ထိုသူ ၏ အအုပ်အချုပ် ကို ငါ တို့မ ခံလို ပါဟု တမန် ကို သူ့ နောက် သို့ စေလွှတ် ကြ၏။

15ထိုအမတ် သည် မင်းကြီး အရာ ကိုခံ ၍ ပြန်လာ တော်မူသောအခါ၊ ငွေ ခံ သော ငယ်သား တို့သည် အသီးအသီးအဘယ်မျှလောက်အမြတ်ရ သည်ကို သိ ခြင်းငှာ သူ တို့ကိုခေါ် ချေဟု အမိန့် တော်ရှိ၏။

16ပဌမ သူ သည် လာ ၍ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့်အခွက် တဆယ် အမြတ်ရ ပါ ပြီဟု လျှောက် လျှင်၊

17သခင်က၊ သာဓု ၊ ငယ်သား ကောင်း ၊ သင်သည် အမှုငယ် ၌ သစ္စာစောင့် လေပြီ။ မြို့ ဆယ် မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။

18ဒုတိယ သူ သည် လာ ၍ ၊ သခင် ၊ ကိုယ်တော် ပေးသော ငွေတပိဿာ အားဖြင့် ငါး ပိဿာ အမြတ်ရပါပြီဟု လျှောက် လျှင်၊

19သခင်က၊ သင် သည် မြို့ ငါး မြို့ကို အုပ်စိုး လော့ဟု မိန့် တော်မူ၏။

20အခြား သောသူ သည်လာ ၍ ၊ သခင် ၊ အကျွန်ုပ်သည် ပဝါ ၌ ထုပ် ထားသော ကိုယ်တော် ၏ ငွေတပိဿာ ရှိ ပါ၏။ ကိုယ်တော် သည် ခဲယဉ်း သောသူ ဖြစ် သည်နှင့်၊

21ကိုယ်မ သို မထားသော ဥစ္စာကိုသိမ်းယူ ၍ ၊ ကိုယ်မ စိုက် မပျိုးသော လယ်၌ရိတ် တတ်သည်ကို အကျွန်ုပ်ထောက် ၍ ကိုယ်တော်ကို ကြောက် ပါသည်ဟု လျှောက် လျှင်၊

22သခင်က၊ ဆိုးညစ် သောငယ်သား ၊ သင် ၏ စကား ကိုသာလိုက်၍ သင် ၏အမှုကို ငါစီရင် မည်။ ငါ သည် ခဲယဉ်း သောသူ ဖြစ် လျက် ကိုယ်မ သိုမထားသော ဥစ္စာကို သိမ်းယူ ၍၊ ကိုယ်မ စိုက်ပျိုး သော လယ်၌ရိတ် သည်ကို သင် သိ သည်မှန်လျှင်၊

23ငါ့ ငွေ ကိုပွဲစား လက်သို့ အဘယ်ကြောင့် မ အပ် သနည်း။ ထိုသို့အပ်လျှင် ငါ ပြန်လာ သောအခါ ငွေရင်း နှင့် အဘိုးကို ရ နိုင်သည်ဟု မိန့် တော်မူပြီး သော်၊

24အခြွေအရံတို့အား၊ ငွေတပိဿာ ကို သူ့ လက်မှ နှုတ် ကြ။ အခွက် တဆယ် ရှိ သောသူ အားပေး ကြဟု မိန့် တော်မူ၏။

25အခြွေအရံတို့ကလည်း၊ သခင် ၊ ထိုသူ ၌ အခွက် တဆယ် ရှိ ပါ၏ဟု လျှောက် ကြလျှင် ၊

26ငါ ဆိုသည်ကား ၊ အကြင်သူသည်ရတတ်၏။ ထိုသူအား ပေး ဦးမည်။ အကြင်သူသည် ဆင်းရဲ ၏။ ထိုသူ၌ ရှိ သမျှကိုပင် နှုတ် လိမ့်မည်။

27ထိုမှတပါး ငါ ၏အအုပ်အချုပ် ကို မ ခံလို သော ငါ့ ရန်သူ တို့ကို ခေါ် ခဲ့ကြ။ ငါ့ ရှေ့ မှာ သတ် ကြဟု စီရင် တော်မူသည် ဟု မိန့်တော်မူ၏။

28ထိုသို့ မိန့် တော်မူပြီးမှ ၊ တပည့်တော်တို့ ရှေ့ ၌ ကြွ ၍ ယေရုရှလင် မြို့သို့ ခရီးသွား တော်မူ၏။

29သံလွင် အမည် ရှိသော တောင် ခြေရင်း၌ ဗက်ဖာဂေ ရွာနှင့် ဗေသနိ ရွာအနီးသို့ ရောက်တော်မူ သောအခါ ၊ တပည့် တော်နှစ် ယောက်တို့ကို စေလွှတ် ၍၊

30သင်တို့ရှေ့ ၌ရှိသောရွာ သို့ သွား ကြ။ ထို ရွာသို့ ရောက် လျှင် အဘယ်သူ မျှ မစီး ဘူးသောမြည်းကလေး ချည်နှောင် လျက်ရှိသည်ကို သင်တို့သည် တွေ့ လိမ့်မည်။ မြည်းကြိုး ကိုဖြည် ၍ ဆောင်ခဲ့ ကြ။

31သူတစ်ပါး က အဘယ်ကြောင့် မြည်းကြိုးကို ဖြည် သနည်းဟု သင် တို့ကိုဆို လျှင် ၊ သခင် အလို ရှိ သည်ဟု ပြန်ပြော ကြလော့ ဟု မှာထား တော်မူ၏။

32ထိုသို့ စေလွှတ် သောသူ တို့သည်သွား ၍ စကား တော်အတိုင်း တွေ့ ကြ၏။

33မြည်းကြိုးကို ဖြည် စဉ်တွင်မြည်း ရှင် တို့က ၊ အဘယ်ကြောင့် မြည်း ကြိုးကို ဖြည် သနည်းဟုဆို လျှင်၊

34သခင် အလို ရှိ သည်ဟု ပြန်ပြော ကြ၏။ ယေရှု ထံတော်သို့ မြည်းကလေး ကို ဆောင်ခဲ့ ၍ ၊

35မြည်း ကျောပေါ်မှာ မိမိ တို့ အဝတ် ကို တင် ပြီးလျှင် ကိုယ်တော် ကို စီး စေကြ၏။

36ခရီးသွား တော်မူစဉ် တွင် လူများတို့သည် မိမိ တို့ အဝတ် ကို လမ်း ၌ ခင်း ကြ၏။

37သံလွင် တောင် ပေါ်က ဆင်း ရာအရပ်သို့ ရောက် တော်မူသောအခါ ၊ တပည့် တော်များ အပေါင်း တို့သည် မိမိတို့ မြင် ခဲ့ပြီးသောတန်ခိုး တော်များ ကိုထောက် ၍ ဝမ်းမြောက် သောစိတ်နှင့် ဘုရားသခင် ကို ထောမနာ ပြု၍၊

38ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ တော်မူသော ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်း။ ကောင်းကင် ဘဝဂ် ဝယ် ဘုန်းကြီး ပါစေသတည်းဟု ကြွေးကြော် ကြ၏။

39လူအစုအဝေး ၌ ပါသော ဖာရိရှဲ အချို့ တို့က၊ အရှင် ဘုရား၊ ကိုယ်တော် ၏တပည့် တို့ကို ဆုံးမ ပါဟု လျှောက် ကြသော်၊

40ယေရှုကလည်း၊ ငါဆို သည်ကား၊ ဤ သူတို့သည် တိတ်ဆိတ် စွာနေလျှင် ကျောက်ခဲ တို့သည် ချက်ခြင်းကြွေးကြော် ကြလိမ့်မည် ဟု မိန့် တော်မူ၏။

41ယေရုရှလင်မြို့ အနီး သို့ ရောက်၍ ကြည့် မြင်လျက် ငိုကြွေး တော်မူ၍ ၊

42အချင်းမြို့၊ သင် ၏ငြိမ်သက် ခြင်းနှင့် စပ်ဆိုင်သောအရာ တို့ကို သင်၏လက်ထက် ယခု ကာလ၌ပင် သင်သည် သိ ရလျှင် မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကို သင် ၏မျက်စိ ရှေ့မှာ မထင်ရှားစေခြင်းငှာဝှက်ထား လျက် ရှိ၏။

43အကြောင်းမူကား ၊ သင့် ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင် ၏ ရန်သူ တို့သည် သင့် ပတ်လည် တွင် တပ် တည်၍ လေး မျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊

44သင်၏ကိုယ် မှစ၍ သင် ၏ သားသမီး တို့ကို မြေ နှင့်တညီတည်းညှိသဖြင့် ၊ သင် ၏ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှထပ်ဆင့်၍ မ ကျန်ရစ် စေခြင်းငှာပြုကြသောအချိန် ကာလသည် ရောက် လိမ့်မည် ဟု မိန့် တော်မူ၏။

45ဗိမာန် တော်သို့ ဝင် တော်မူပြီးလျှင် ၊ ဗိမာန်တော်၌ ရောင်း ဝယ်သောသူတို့ ကို နှင်ထုတ် လျက်၊

46ငါ့ အိမ် သည် ဆုတောင်း ရာအိမ် ဖြစ် ၏ဟု ကျမ်းစာ ၌ လာသော်လည်း၊ သင် တို့သည် ထိုအိမ် ကို ဓားပြ တွင်း ဖြစ် စေကြပြီတကား ဟု မိန့် တော်မူ၏။

47ကိုယ်တော်သည် နေ့တိုင်း ဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူ တို့တွင်အကြီးအကဲ ဖြစ်သောသူ တို့သည်ကိုယ်တော် ကို သတ် ခြင်းငှာရှာ ကြသော်လည်း ၊

48လူ အပေါင်း တို့သည် ဒေသနာတော်ကို စေ့စေ့ နားထောင် သောကြောင့် သတ်နိုင်သောအခွင့် ကို မ တွေ့ မရကြ။

← ရှင်လုကာခရစ်ဝင် 18Read In The App, Free →ရှင်လုကာခရစ်ဝင် 20 →

Study ရှင်လုကာခရစ်ဝင် 19

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324