ရှင်လုကာခရစ်ဝင် 19:43
အကြောင်းမူကား ၊ သင့် ကို ကြည့်ရှုပြုစုတော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့်၊ သင် ၏ ရန်သူ တို့သည် သင့် ပတ်လည် တွင် တပ် တည်၍ လေး မျက်နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ရှင်လုကာခရစ်ဝင် 19
Cross References
Deuteronomy 28:49ရွှေလင်းတ ပျံ တတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်း သောမျက်နှာ နှင့် ပြည့်စုံလျက်၊ အသက်ကြီး သူကို မ ရိုသေ ၊ အသက်ငယ် သူကိုမ သနား တတ်သောလူမျိုး ကို၊
Isaiah 29:1အရေလ မြို့၊ ဒါဝိဒ် မင်းနေ သောအရေလ မြို့ သည် အမင်္ဂလာ ရှိ၏။ တနှစ် ပေါ် မှာ တနှစ် ထပ်ကြလော့။ ပွဲ တို့ကို အလှည့် လှည့်ခံကြလော့။
Jeremiah 6:3သိုးထိန်း တို့သည် သိုးစု များပါလျက် သူ့ ထံသို့ လာ ၍၊ သူ့တဘက်ပတ်လည် ၌ တဲ ဆောက် ၍၊ အသီးအသီး မိမိ တို့နေရာ မှာ ကျက်စား ကြ လိမ့်မည်။
Ezekiel 26:8သူသည်လယ်ပြင် ၌ ရှိသောသင် ၏သားသမီး တို့ကို ထား နှင့် သတ် လိမ့်မည်။ သင့် တဘက်၌ ရဲတိုက် ကိုတည် ၍ မြေရိုး ကိုဖို့ ပြီးလျှင် ၊ ဒိုင်း လွှားတို့ကို ချီ ကာလိမ့်မည်။
Matthew 22:7ထိုမင်းကြီး သည်ကြားလျှင် အမျက်ထွက် ၍ စစ် ချီ စေသဖြင့် ၊ လူ အသက်ကိုသတ်သော ထို သူတို့ကို အပြီးလုပ်ကြံ ၍ သူ တို့၏မြို့ ကို မီးရှို့ လေ၏။
Mark 13:14ပရောဖက် ဒံယေလ ဟော သည် အတိုင်း၊ ဖျက်ဆီး တတ်သော ရွံရှာဘွယ် အရာသည် မ နေသင့် သောအရပ် ၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။ ထိုသို့ မြင်ရလျှင် ယုဒ ပြည် ၌ ရှိသော သူ တို့သည်တောင် ပေါ်သို့ ပြေး ကြစေ။”