ရှင်လုကာခရစ်ဝင် 5:14
ယေရှု ကလည်း ၊ ဤ အကြောင်းကို အဘယ်သူ အားမျှမပြော နှင့် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာသန့်ရှင်း ခြင်းသို့ ရောက်သည့်အတွက် မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟုမိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 13:2လူ သည် ကိုယ် အရေ ၌ အဖူး ဖြစ်စေ ၊ ယားနာ ဖြစ်စေ ၊ နူကွက် ဖြစ်စေ၊ နူ သောလက္ခဏာပေါ် လျှင် ၊ ထိုသူကို ယဇ်ပုရောဟိတ် အာရုန် ထံ သို့ဖြစ်စေ ၊ သူ ၏သား ယဇ်ပုရောဟိတ် တစုံ တယောက်ထံ သို့ဖြစ်စေခေါ် ခဲ့ရမည်။
Matthew 8:4ယေရှု ကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူ အားမျှမပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကိုဆက် လော့ဟု မိန့် တော်မူ၏။
Matthew 10:18ထိုသူ တို့မှစ၍ တစ်ပါး အမျိုးသားတို့အား သက်သေ ဖြစ်စေခြင်းငှာ၊ မြို့ဝန်မင်း ၊ ရှင်ဘုရင် ထံသို့ ငါ့ ကြောင့် သင်တို့ကို ပို့ဆောင် ကြလိမ့်မည်။
Mark 1:44“အဘယ်သူ အား စကားတစ်ခွန်းကိုမျှမ ပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ သန့်ရှင်း ခြင်းသို့ ရောက်သည်အတွက် ၊ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟု မြစ်တား ၍ ချက်ခြင်း လွှတ် လိုက်တော်မူ၏။
Luke 9:5ထို သူတို့နေရာမြို့ မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက် ၌ သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြလော့ ဟု မိန့် တော်မူ၏။