ရှင်လုကာခရစ်ဝင် 6:26
လူ တို့သည် သင် တို့ကို ချီးမွမ်း သောအခါ ၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သူ တို့၏ ဘိုးဘေး များသည် မိစ္ဆာ ပရောဖက်တို့ကို ထိုသို့ ပင် ပြု ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
Woe unto you, when all men shall speak well of you! for so did their fathers to the false prophets.
In Context
Cross References
1 Kings 22:6ဣသရေလ ရှင် ဘုရင်သည် ပရောဖက် လေး ရာ တို့ကို စုဝေး စေပြီးလျှင် ၊ ငါသည်ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ် ချီ ကောင်းသလော။ မချီဘဲ နေကောင်းသလောဟုမေး သော်၊ သူတို့ကချီ တော်မူပါ။ ထာဝရ ဘုရားသည် အရှင်မင်းကြီး ၏လက် တော်သို့ အပ် တော်မူမည်ဟု လျှောက် ကြ၏။
1 Kings 22:24ထိုအခါ ခေနာနာ ၏ သား ဇေဒကိ သည် ချဉ်း လာ ၍ မိက္ခါ ၏ ပါး ကို ပုတ် လျက် ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သင် နှင့်နှုတ်ဆက် ခြင်းငှါ အဘယ် လမ်းဖြင့် ငါ မှ ထွက် တော်မူသနည်းဟုမေး လျှင်၊
Jeremiah 5:31ပရောဖက် တို့သည် မဟုတ် မမှန်ဟော ပြောကြ ၏။ ယဇ် ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရ ကြ၏။ ထို သို့သောအမှုကို ငါ ၏လူ တို့သည် နှစ်သက် ကြ၏။ ထို အမှုဆုံး သောအခါ သင်တို့သည် အဘယ် သို့ပြု ကြလိမ့်မည်နည်း။
Matthew 7:15အတွင်း ၌ကြမ်းတမ်း သော တောခွေး ဖြစ် လျက် သိုး ရေ ကိုခြုံ၍ သင် တို့ရှိရာ သို့လာ သော မိစ္ဆာ ပရောဖက် တို့ကို သတိ နှင့် ရှောင်ကြလော့။
John 15:19သင်တို့သည် လောကီ နှင့်ဆက်ဆံ လျှင် ၊ လောကီသား တို့သည် မိမိ တို့နှင့်ဆက်ဆံသော သင်တို့ကို ချစ် ကြလိမ့်မည် ။ သင်တို့သည် လောကီ နှင့်မ ဆက်ဆံ ၊ လောကီ ထဲက ငါ ရွေးကောက် သောသူဖြစ်သောကြောင့် ၊ လောကီသား တို့သည် သင် တို့ကိုမုန်း ကြ၏။
2 Thessalonians 2:8ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထို အဓမ္မ လူသည် ထင်ရှား လိမ့်မည်။ ထိုအဓမ္မ လူကို သခင် ယေရှု သည် နှုတ်ထွက် ဝိညာဉ် တော်အားဖြင့် ဖျက်ဆီး ၍၊ ကြွလာ တော်မူခြင်း၏ ရောင်ခြည် အားဖြင့် ပယ်ရှား တော်မူလိမ့်မည်။