ရှင်လုကာခရစ်ဝင် 6:25
ဝ စွာစားရသော သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ငတ်မွတ် ခြင်းသို့ ရောက်ရကြလတံ့။ ယခု ရယ် တတ်သောသင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ညည်းတွား ငိုကြွေး ရကြလတံ့။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 2:5ဝ စွာစားသောသူတို့သည် စားစရာ ကို ရခြင်းငှါ၊ သူငှါး လုပ်ရကြပြီ။ ငတ်မွတ် သောသူတို့ မူကား ၊ တဖန် ဝကြပြီ။ မြုံ သောသူသည် ခုနှစ် ကြိမ်တိုင်အောင် ဘွားမြင် ပြီ။ သား များ သောသူမူကား ၊ တဖန် အားလျော့ ပြီ။
Job 21:11သူ တို့သူငယ် များကို သိုးစု ကဲ့သို့ လွှတ် ၍ ၊ သား သမီးတို့သည် ကခုန် တတ်ကြ၏။
Psalms 49:19သို့သော်လည်း၊ သူသည် သူ ၏ဘိုးဘေး အမျိုး ရှိရာသို့ သွား ရလိမ့်မည်။ ကာလ အစဉ်အဆက် သူတို့သည်အလင်း ကို မ မြင် ရကြ။
Proverbs 30:9သို့မဟုတ် ၊ အကျွန်ုပ်သည် ကြွယ်ဝ ၍ ၊ ထာဝရဘုရား ကား၊ အဘယ်သူ နည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု စိုးရိမ်စရာရှိပါ၏။ သို့မဟုတ် ၊ ဆင်းရဲ ၍ သူ့ဥစ္စာကိုခိုး သဖြင့် ၊ အကျွန်ုပ် ၏ ဘုရား သခင်နာမတော် ကို မုသာ နှင့်ဆိုင်၍ မြွက်ဆို မည်ဟု စိုးရိမ်စရာ ရှိပါ၏။
Ecclesiastes 7:3ပြုံး ရယ်ခြင်းထက် ဝမ်းနည်း ခြင်းသည်သာ၍ကောင်း ၏။ အကြောင်း မူကား၊ မျက်နှာ ညှိုးငယ် သော အားဖြင့် နှလုံး သာ၍ကောင်း တတ်၏။
Isaiah 8:21ပင်ပန်း ခြင်းနှင့် မွတ်သိပ် ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည်။ မွတ်သိပ် သောအခါ လည်း ကိုယ်ကို ကိုယ်နှောင့်ရှက် ၍ ၊ မိမိ တို့ ရှင်ဘုရင် နှင့် မိမိ တို့ ဘုရား သခင်ကို ကျိန်ဆဲ ကြလိမ့်မည်။