မာလခိအနာဂတ္တိကျမ်း 4:1
မီးဖို ၌ မီးလောင် သကဲ့သို့ လောင်သောနေ့ ရက်ကာလသည် ရောက် လိမ့်မည်။ မာန ကြီးသောသူနှင့် ဒုစရိုက် ကိုပြု သော သူအပေါင်း တို့သည် အမှိုက် ခြောက် ဖြစ် ကြလိမ့်မည်။ သူ တို့အရင်း အဖျား မျှ မ ကျန် ကြွင်းစေခြင်းငှါထိုနေ့ ရက်သည် လောင် လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မာလခိအနာဂတ္တိကျမ်း 4
Cross References
Job 18:16သူ ၏အမြစ် တို့သည် သွေ့ ခြောက်လျက် ၊ အခက် အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။
Psalms 37:9ပြစ်မှား သောသူတို့သည် ပယ်ရှင်း ခြင်းကိုခံရကြ လိမ့်မည်။ ထာဝရဘုရား ကို မြော်လင့် သောသူတို့မူကား ၊ ပြည် တော်ကို အမွေ ခံရကြလိမ့်မည်။
Isaiah 2:12ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီး မြင့်သောအရာနှင့် မိုမောက် သောအရာရှိသမျှ တို့ ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချ ခြင်းရှိကြ လိမ့်မည်။
Isaiah 40:24အကယ် စင်စစ်သူတို့ကို မ စိုက် မပျိုးရ။ အကယ် စင်စစ်သူတို့၏မျိုးစေ့ကို မ ကြဲ ရ။ အကယ် စင်စစ်သူ တို့ အပင် သည် မြေ ၌ အမြစ်မ စွဲ ရ။ သူ တို့အပေါ် မှာ မှုတ် တော်မူသဖြင့် ၊ သူတို့သည် ညှိုးနွမ်း သွေ့ခြောက်၍ ၊ လေ ဘွေသည် သူ တို့ကို ဖွဲ ကဲ့သို့ တိုက် လွှင့်လိမ့်မည်။
Isaiah 47:14သူတို့သည် အမှိုက် ကဲ့သို့ ဖြစ် ၍မီးရှို့ ခြင်းကိုခံရကြလိမ့်မည်။ မီး အရှိန် မှ မိမိ တို့ကို မကယ် မနှုတ်ရကြ။ နွေး စရာဘို့ မီး တခဲမျှ၊ လှုံ စရာဘို့ မီး အလျှင်းမျှ မ ကျန်ရစ်ရ။
Joel 2:1ဇိအုန် တောင်ပေါ် မှာ တံပိုး ကို မှုတ် ကြလော့။ သန့်ရှင်း သော ငါ့ တောင် ပေါ် မှာ သတိပေးသော အသံ ကို ပြုကြလော့။ ပြည်သူ ပြည်သားအပေါင်း တို့သည် တုန်လှုပ် ကြစေ။ အကြောင်း မူကား၊ ထာဝရဘုရား ၏ နေ့ ရက်သည် လာ ၍ နီး ပြီ။