ရှင်မာကုခရစ်ဝင် 15:32
ငါတို့ မြင်၍ ယုံကြည် စေခြင်းငှာ ၊ ဣသရေလ ရှင်ဘုရင် တည်းဟူသောခရစ်တော် သည် လက်ဝါးကပ်တိုင် မှ ယခု ဆင်း ပါလော့ဟု အချင်းချင်း ပြက်ယယ်ပြု ၍ ပြောဆို ကြ၏။ ကိုယ်တော် နှင့်တကွ လက်ဝါးကပ်တိုင် မှာ ရိုက်ထားသောသူ တို့သည်လည်း ကဲ့ရဲ့ ပြစ်တင်ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
33မွန်းတည့် အချိန် မှစ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိဖြစ် လေ၏။
Read all of ရှင်မာကုခရစ်ဝင် 15
Cross References
Isaiah 44:6ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား ၊ ဣသရေလ အမျိုးကို ရွေးနှုတ် သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရား သခင်မ ရှိ။
Zechariah 9:9အိုဇိအုန် သတို့သမီး ၊ အလွန် ဝမ်းမြောက် လော့။ အိုယေရုရှလင် မြို့သတို့သမီး ၊ ကြွေးကြော် ကြလော့။ တရား သဖြင့် စီရင်၍ ကယ်တင် ခြင်းသို့ ရောက်သော သခင် ၊ သင် ၏အရှင် မင်းကြီးသည် မြည်းမ နှင့် မြည်း ကလေး ကို စီး ၍ နူးညံ့ သိမ်မွေ့သောစိတ် နှင့် သင် ရှိရာသို့ ကြွ လာတော်မူသည်ကို ကြည့်ရှု လော့။
Matthew 27:44ထိုနည်းတူ ကိုယ်တော် နှင့်တကွ လက်ဝါးကပ်တိုင် မှာရိုက်ထားသောဓားပြ တို့သည်လည်း ကဲ့ရဲ့ အပြစ်တင်ကြ၏။
Mark 15:26အပြစ် ဖော်ပြ သော ကမ္ဗည်းလိပ် စာချက်ဟူမူကား၊ ယုဒ ရှင်ဘုရင် ဟု ရေး ထားသတည်း။
John 1:49အရှင် ဘုရား၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏၊ ဣသရေလ လူတို့၏ ရှင်ဘုရင် လည်းဖြစ် တော်မူ၏ဟု နာသနေလ လျှောက် လေ၏။
John 19:12ထိုအခါ မှစ၍ ပိလတ် မင်းသည် ကိုယ်တော် ကိုလွှတ် ခြင်းငှာရှာကြံ လေ၏။ ယုဒ လူတို့ကလည်း ၊ ထို သူကို လွှတ် လျှင် ကိုယ်တော်သည် ကဲသာ ဘုရင်၏အဆွေ မ ဟုတ် ပါ။ ရှင်ဘုရင် လုပ် သောသူ မည်သည်ကား ၊ ကဲသာ ဘုရင်၏ရန်သူ ဖြစ်ပါသည်ဟု လျှောက် ကြ၏။