The Bible Software
ရှင်မာကုခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်မာကုခရစ်ဝင် 2

1နောက် တစ်နေ့သ၌ ကိုယ်တော်သည်ကပေရနောင် မြို့သို့ ဝင် ပြန် ၍ အိမ် ၌ ရှိ တော်မူသည်ကို ကြား ကြ လျှင် ၊

2တံခါး ပြင်နား မှာ နေစရာ မ ရှိနိုင်အောင် လူများ တို့သည် အလျင်အမြန်စုဝေး ကြသည်ဖြစ်၍ သူ တို့အား တရား ဟော တော်မူ၏။

3ထိုအခါ လက်ခြေသေ သောသူတစ်ယောက်ကို လူ လေးယောက်တို့သည်ထမ်း ၍ အထံ တော်သို့ ဆောင်ခဲ့ ကြ၏။

4လူ စုဝေးလျက်ရှိသောကြောင့် ကိုယ်တော် ရင်းသို့မ ချဉ်းကပ် နိုင် သဖြင့် ၊ ကိုယ်တော်ရှိ ရာ အပေါ်မှာအမိုး ကို ဖောက်ထွင်း ပြီးမှလူနာ နှင့်တကွအိပ်ရာ ခုတင်ကို လျှော့ချ ကြ၏။

5ယေရှု သည် ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် ၊ လက်ခြေသေ သောသူ အား၊ ငါ့သား ၊ သင် ၏အပြစ် ကို လွတ် စေပြီ” ဟုမိန့် တော်မူ၏။

6ထို အရပ်၌ထိုင် သော ကျမ်းပြု ဆရာအချို့ တို့က၊

7ဤသူ သည် ဘုရားကိုလွန်ကျူး ၍ အဘယ်ကြောင့် ဤသို့ ပြော ရသနည်း။ ဘုရားသခင် မှတစ်ပါး အဘယ်သူ သည်အပြစ် ကိုလွှတ် နိုင် သနည်းဟု စိတ် ထဲမှာ ထင်မှတ် ကြ၏။

8သူ တို့စိတ်ထဲမှာ ထိုသို့ ထင်မှတ် ခြင်းရှိသည်ကို ယေရှု သည် မိမိ ဉာဏ် အားဖြင့် ချက်ခြင်း သိ တော်မူလျှင် ၊ သင် တို့ စိတ် ထဲမှာ အဘယ်ကြောင့် ဤသို့ ထင်မှတ် ကြသနည်း။”

9လက်ခြေသေ သောသူ အား အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကိုလွတ် စေပြီဟုပြောလွယ်သလော။ သင်ထ လော့။ ကိုယ် အိပ်ရာ ကိုဆောင် ၍ လှမ်းသွား လော့ဟု ပြော လွယ်သလော။”

10လူ သား သည် မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။”

11“ကိုယ် အိပ်ရာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့ဟု သင့် အား၊ ငါ ဆိုသည် ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။

12ထိုသူသည်လည်း ချက်ခြင်း ထ ၍ အိပ်ရာ ကိုဆောင် လျက် လူအပေါင်း တို့ရှေ့ မှာထွက်သွား ၏။ ထိုလူ အပေါင်း တို့သည် မိန်းမော တွေဝေခြင်းရှိ၍ ၊ ဤကဲ့သို့ တခါမျှ မမြင် စဖူးဟု ပြောဆို ၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်းကြ၏။

13နောက်တစ်ဖန် အိုင် နား သို့ ကြွ တော်မူ၍ ၊ လူ အစုအဝေးအပေါင်း တို့သည် အထံ တော်သို့ လာ ကြလျှင် ၊ သူ တို့အား ဆုံးမ ဩဝါဒပေးတော်မူ၏။

14လမ်း၌ကြွ တော်မူစဉ်၊ အာလဖဲ ၏သား လေဝိ သည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကိုမြင် သော် ၊ ငါ့ နောက် သို့ လိုက်လော့” ဟု မိန့် တော်မူ၏။

15ထိုသူသည်လည်း ထ ၍ နောက် တော်သို့လိုက်လေ၏။ ထိုနောက်မှ သူ ၏အိမ် တွင် စားပွဲ၌ လျောင်း တော်မူစဉ် ၊ အခွန်ခံ သောသူများ နှင့် ဆိုး သောသူများတို့သည် ကိုယ်တော် မှစသောတပည့် တော်တို့နှင့်တကွ စားပွဲ၌ လျောင်း ကြ၏။ ထိုသူအများ တို့သည် နောက် တော်သို့လိုက်ကြ၏။

16ထိုသို့ အခွန်ခံ သောသူ၊ ဆိုး သောသူ တို့နှင့်အတူ စား တော်မူသည်ကို ကျမ်းပြု ဆရာဖာရိရှဲ တို့သည် မြင် လျှင်၊ ဤသူသည် အခွန်ခံ သောသူ ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့်စား သောက်သနည်းဟု တပည့် တော်တို့အား ဆို ကြ၏။

17ယေရှု သည် ကြား တော်မူလျှင် ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား ကိုအလို မ ရှိ ကြ။ နာ သောသူ တို့သာလျှင် အလိုရှိ ကြ၏။ ဖြောင့်မတ် သောသူတို့ကို နောင်တသို့ခေါ် ခြင်းငှာငါလာ သည်မ ဟုတ်၊ ဆိုး သောသူတို့ကို ခေါ်ခြင်းငှာငါလာသတည်း” ဟု မိန့် တော်မူ၏။

18အစာရှောင် တတ်သော ယောဟန် ၏တပည့် တို့နှင့် ဖာရိရှဲ တို့သည်လာ ၍ ၊ ယောဟန် ၏တပည့် တို့နှင့် ဖာရိရှဲ တို့သည် အစာရှောင် ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် အစာ မ ရှောင်ဘဲ နေ ကြပါသနည်းဟု လျှောက် ကြ၏။

19ယေရှု ကလည်း ၊ မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူရှိစဉ်အခါသူတို့သည် အစာရှောင် တတ် ကြသလော။ ရှိစဉ်ကာလ ပတ်လုံးအစာ မ ရှောင်တတ် ကြ။”

20မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွာ ၍ ယူသွား သောအချိန် ကာလ ရောက် လိမ့်မည်။ ထို ကာလ အခါ သူတို့သည်အစာရှောင် ကြလိမ့်မည်။”

21“အဝတ် ဟောင်း ကို အထည် သစ် နှင့် ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ် သည် အဝတ် ဟောင်း ကို စား၍အပေါက်ကျယ် တတ်၏။”

22၎င်းနည်းဟောင်း သော သားရေဘူး ၌ အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ထည့်လျှင် အသစ်သောစပျစ်ရည် သည် သားရေဘူး ကို ဆုတ် ခွဲသဖြင့် စပျစ်ရည် သည်ယို၍ သားရေဘူး လည်း ပျက်စီး တတ်၏။ အသစ် သောစပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့်ရသည်” ဟု မိန့် တော်မူ၏။

23ဥပုသ်နေ့ ၌ ကိုယ်တော် သည် ဂျုံစပါးလယ်ကွက် တို့ကို လျှောက်ကြွ တော်မူလျှင် ၊ တပည့် တော်တို့သည် စပါး အသီးအနှံကို ဆွတ် လျက် ခရီး သွား ကြ၏။

24ဖာရိရှဲ တို့ကလည်း ၊ ဥပုသ်နေ့ ၌ မ ပြုအပ် သောအမှု ကို သူတို့သည် ပြု ကြပါသည်တကားဟု လျှောက် ကြ သော် ၊

25ကိုယ်တော်က၊ ယဇ်ပုရောဟိတ် မင်း အဗျာသာ လက်ထက် ၌ ဒါဝိဒ် သည် မိမိ အဖော် တို့နှင့်တကွ ဆာမွတ် ၍ မ တတ်နိုင်သောအခါ ၊”

26ဘုရားသခင် ၏အိမ် တော်သို့ ဝင် ၍ ယဇ်ပုရောဟိတ် တို့မှတစ်ပါး အဘယ်သူ မျှမစား အပ် သော ရှေ့ တော် မုန့် ကိုစား ၍ မိမိ အဖော် တို့အား ပေး သည်အကြောင်းကို သင်တို့သည် တစ်ရံတစ်ခါမျှ မ ဖတ် ဘူးသလော။”

27ထိုမှတစ်ပါး ဥပုသ်နေ့ သည် လူ အဘို့ ဖြစ် ၏။ လူ သည် ဥပုသ်နေ့ အဘို့ ဖြစ်သည်မ ဟုတ်။”

28သို့ဖြစ်၍ လူ သား သည်ဥပုသ်နေ့ ကိုပင် အစိုးရ သည် ဟု မိန့် တော်မူ၏။

← ရှင်မာကုခရစ်ဝင် 1Read In The App, Free →ရှင်မာကုခရစ်ဝင် 3 →

Study ရှင်မာကုခရစ်ဝင် 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516