The Bible Software
ရှင်မာကုခရစ်ဝင် · မြန်မာကျမ်းစာ

ရှင်မာကုခရစ်ဝင် 3

1တရားစရပ် သို့ တစ်ဖန် ဝင် တော်မူ၍ ၊ ထို စရပ်၌ လက် တစ်ဘက်သေ သောသူ တစ်ယောက်ရှိ ၏။

2ဥပုသ်နေ့ ၌ သူ ၏ရောဂါကိုငြိမ်း စေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော် ၌ အပြစ်တင် ခွင့်ကို ရှာ၍ချောင်းကြည့် ကြ၏။

3ကိုယ်တော်ကလည်း၊ အလယ် ၌ မတ်တတ် နေလော့ ဟု လက် တစ်ဘက်သေ သောသူ အား မိန့်တော်မူ ပြီးမှ ၊

4ဥပုသ်နေ့ ၌ ကျေးဇူး ပြုအပ် သလော၊ သူ့အကျိုးကိုဖျက်ဆီး အပ်သလော၊ အသက် ကို ကယ် အပ်သလော၊ သတ် အပ်သလော ဟု ပရိသတ် တို့အား မေး တော်မူလျှင် ၊ ထိုသူတို့သည် တိတ်ဆိတ် စွာနေကြ၏။

5ထိုအခါ အမျက် တော်နှင့် သူ တို့ကို ပတ်လည်ကြည့်ရှု ၍ သူ တို့စိတ် နှလုံးမိုက် သောကြောင့် ဝမ်းနည်း တော်မူခြင်းရှိလျက်၊ သင် ၏လက် ကိုဆန့် လော့ ဟု ထိုသူ အား မိန့် တော်မူ၍ သူသည် မိမိလက်ကိုဆန့် လျှင် ၊ ထို လက် သည် လက်တစ်ဘက်ကဲ့သို့ပကတိ ဖြစ်လေ၏။

6ထိုအခါ ဖာရိရှဲ တို့သည်ထွက် ၍ ကိုယ်တော် ကို အဘယ်သို့ ဖျက်ဆီး ရအံ့နည်းဟု ဟေရုဒ် တပည့်တို့နှင့် ချက်ခြင်း တိုင်ပင် ကြ၏။

7ယေရှု သည် တပည့် တော်တို့နှင့်အတူ အိုင် နား သို့ ပြောင်း ကြွတော်မူ၍ ၊ ဂါလိလဲ ပြည်၊

8ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ဣဒုမဲ ပြည်၊ ယော်ဒန် မြစ်တစ်ဘက် မှ လာကြသောလူ များ အပေါင်း တို့နှင့် တုရု မြို့၊ ဇိဒုန် မြို့ ပတ်ဝန်းကျင် အရပ်တို့မှ လာကြသော လူများ အပေါင်း တို့သည် ပြု တော်မူသမျှ ကို ကြား လျှင် အထံ တော်သို့ လာ ကြ၏။

9လူ များတို့သည် ကိုယ်တော် ကိုဝန်းရံ၍ မ ထိခိုက် စေမည်အကြောင်း ၊ ကိုယ်တော် ၏အနီးအပါးတွင် လှေ တစင်းကို အမြဲရှိ စေခြင်းငှာ တပည့် တော်တို့အား အမိန့် တော်ရှိ၏။

10အကြောင်းမူကား ၊ လူများ တို့အား ချမ်းသာ ပေးတော်မူသောကြောင့် ၊ ရောဂါ ဝေဒနာ နှိပ်စက် သောသူ ရှိသမျှ တို့သည် ကိုယ်တော် ကို တို့ ခြင်းငှာ တွန်း ကြ၏။

11ညစ်ညူး သောနတ် တို့သည်လည်း ကိုယ်တော် ကိုမြင် သောအခါ ပြပ်ဝပ် ၍၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်ဖြစ် တော်မူသည်ဟု ဟစ်ကြော် ကြ၏။

12သိတင်းတော်ကို မ ပွင့် စေမည်အကြောင်း သူ တို့အား ကြပ်တည်း စွာ ပညတ် တော်မူ၏။

13ထိုအခါ ကိုယ်တော်သည် တောင် ပေါ်သို့ တက် ၍ အလို တော်ရှိသောသူ တို့ကို ခေါ် တော်မူလျှင် ၊ အထံ တော်သို့ လာ ကြ၏။

14ကိုယ်တော် နှင့်အတူ ရှိ နေစေခြင်းငှာ ၎င်း၊ တရား ဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊

15နတ်ဆိုး တို့ကို နှင်ထုတ် နိုင်သောအခွင့် နှင့် စေလွှတ် ခြင်းငှာ ၎င်း၊ တစ်ကျိပ် နှစ်ပါးသောသူ တည်းဟူသော၊

16ပေတရု အမည် သစ်ကို ပေး တော်မူသောရှိမုန် ၊

17မိုဃ်းကြိုး သား ဟု ဆိုလို သော ဗောနေရဂက် အမည် သစ်ကို ပေး တော်မူသော ဇေဗေဒဲ ၏သား နှစ် ယောက်ယာကုပ် နှင့် ယောဟန် ၊

18အန္ဒြေ ၊ ဖိလိပ္ပု ၊ ဗာသောလမဲ ၊ မသ္သဲ ၊ သောမ ၊ အာလဖဲ ၏သား ယာကုပ် ၊ သဒ္ဒဲ ၊ ကာနနိတ် လူရှိမုန် ၊

19ကိုယ်တော် ကို အပ်နှံ သော ယုဒ ရှကာရုတ် တို့ကို ခန့်ထား တော်မူ၏။

20ထိုသူ တို့သည် အိမ် သို့ ဝင် ကြလျှင် ၊ အစာ ကို မ စား နိုင် သည့်တိုင်အောင် လူ များတို့သည် တစ်ဖန် စုဝေး ကြပြန်၏။

21ကိုယ်တော် ၏ အဆွေအမျိုး တို့သည်ကြား လျှင် ၊ သူသည် အရူး ဖြစ်၏ဟုဆို ၍ ကိုယ်တော် ကို ဘမ်းဆီး ခြင်းငှာထွက်သွား ကြ၏။

22ယေရုရှလင် မြို့မှ လာ သော ကျမ်းပြု ဆရာတို့ကလည်း ၊ သူသည် ဗေလဇေဗုလ စွဲ သောသူဖြစ်၏။ နတ်ဆိုး မင်း ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ဆို ကြ၏။

23ကိုယ်တော်သည် သူ တို့ကိုခေါ် ၍ ဥပမာ ကို ဆောင်တော်မူလျက်၊ စာတန် သည် စာတန် ကို အဘယ်သို့ နှင်ထုတ် နိုင် သနည်း။”

24“တိုင်း နိုင်ငံသည် မိမိ နှင့် မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင် ရာ။”

25အိမ် သည်လည်း မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် မ တည် နိုင် ရာ။”

26စာတန် သည် မိမိ တစ်ဘက် ၌ ထ ၍ မိမိနှင့် မသင့်မတင့်ကွဲပြား လျှင် မ တည် နိုင် ဘဲ ဆုံး ခြင်းသို့ ရောက် လိမ့်မည်။”

27သူရဲ ကို ရှေးဦးစွာ မ ချည် မနှောင်လျှင် ၊ သူ၏ အိမ် သို့ ဝင် ၍ သူ ၏ဥစ္စာ ကို အဘယ်သူ မျှမလု မ ယူနိုင် ။ သူရဲ ကိုချည်နှောင်ပြီးမှ သူ ၏အိမ် ကို လုယူ နိုင်၏။”

28ငါအမှန် ဆို သည်ကား၊ ပြစ်မှား သောအပြစ် အမျိုးမျိုး ၊ ဘုရားကို ကဲ့ရဲ့ သောအပြစ်အမျိုးမျိုးရှိသမျှ တို့နှင့် လွတ်စေခြင်းအခွင့်ကို လူ သား တို့သည် ရနိုင်ကြ၏။”

29သန့်ရှင်း သောဝိညာဉ် တော်ကို ကဲ့ရဲ့ သောသူ သည် အပြစ်လွတ် စေခြင်းအခွင့်ကို အဘယ် ကာလ၌ မျှ မ ရ နိုင်ကြ။ ထာဝရ အပြစ် ဒဏ် ကို ခံရသောသူဖြစ် ပေ၏ ဟု မိန့်တော်မူ၏။

30အဘယ်ကြောင့် ဤသို့ မိန့်တော်မူသနည်းဟူမူကား၊ ကိုယ်တော်သည် ညစ်ညူး သောနတ် စွဲ သောသူ ဖြစ်သည်ဟု ဆို ကြသတည်း။

31ထိုအခါ မယ်တော် နှင့် ညီ တော်တို့သည်လာ ၍ ပြင် မှာရပ် နေလျက် ၊ တစ်စုံတစ်ယောက်သောသူကို ကိုယ်တော် ထံသို့ စေလွှတ် ၍ ခေါ် ကြ၏။

32ခြံရံ လျက်ထိုင် သောသူများ တို့က၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် ကိုရှာ လျက် ပြင် မှာရှိကြပါ၏ဟုလျှောက် လျှင် ၊

33ကိုယ်တော်က၊ ငါ့ အမိ ၊ ငါ့ ညီ ကား အဘယ်သူ နည်း” ဟု မေး တော်မူ၍ ၊

34ခြံရံ လျက်ထိုင် သောသူ တို့ကို ပတ်လည် ကြည့်ရှု ၍ ၊ ဤသူတို့သည် ငါ့ အမိ ၊ ငါ့ ညီ ပေတည်း။”

35ဘုရားသခင် ၏အလို တော်ကို ဆောင် သောသူ သည် ငါ့ ညီ ၊ ငါ့နှမ ၊ ငါ့အမိ ဖြစ် သတည်း ဟု မိန့် တော်မူ၏။

← ရှင်မာကုခရစ်ဝင် 2Read In The App, Free →ရှင်မာကုခရစ်ဝင် 4 →

Study ရှင်မာကုခရစ်ဝင် 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesThe Fourfold GospelJohn LightfootGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516