ရှင်မဿဲခရစ်ဝင် 1:3
ယုဒ သည် မိမိခင်ပွန်းတာမာ တွင် မြင် သောသားဖာရက် နှင့် ဇာရ ။ ဖာရက် သား ဟေဇရုံ ။ ဟေဇရုံ သား အာရံ ။
မြန်မာကျမ်းစာ
In The King James Version
And Judas begat Phares and Zara of Thamar; and Phares begat Esrom; and Esrom begat Aram;
In Context
2အာဗြဟံ သား ဣဇာက် ။ ဣဇာက် သား ယာကုပ် ။ ယာကုပ် သား ယုဒ မှစ၍ ညီနောင် တစ်စု။
4အာရံ သား အမိနဒပ် ။ အမိနဒပ် သား နာရှုန် ။ နာရှုန် သား စာလမုန် ။
Cross References
Genesis 38:11သားငယ်ရှေလသည် အစ်ကို တို့သေသကဲ့သို့ သေ မည်ဟုယုဒ သည် စိုးရိမ် ၍ ၊ မိမိ ချွေးမ တာမာ ကို ခေါ်ပြီးလျင်၊ ငါ့ သား ရှေလ မ ကြီး မှီ သင်သည် သင့် အဘ အိမ် ၌ မုတ်ဆိုးမ ပြု၍ နေ ပါဟုဆိုသည်အတိုင်း၊ တာမာ သွား ၍ မိမိ အဘ ၏အိမ် ၌နေ လေ၏။
Genesis 38:29သို့သော်လည်း ထိုသူသည်မိမိ လက် ကိုရုပ် ပြန်၍ သူ့ အစ်ကို ဘွား သည်ကို ဝမ်းဆွဲက၊ သင်သည် အဘယ်ကြောင့် အနိုင် အထက်ပြုရသနည်း။ အနိုင်အထက် ပြုသော ဤအမှုသည် သင်၌စွဲစေဟုဆိုလျက် သူ့ ကိုဖါရက် အမည် ဖြင့် မှည့် လေ၏။
Numbers 26:20ဘိုးဘအဆွေအမျိုး အလိုက် ၊ ရှေလ မှ ဆင်းသက်သော ရှေလနိ အဆွေအမျိုး ၊ ဖါရဇ် မှ ဆင်းသက်သော ဖါရဇိ အဆွေအမျိုး ၊ ဇေရ မှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုး တည်း။
1 Chronicles 2:1ဣသရေလ ၏သား များဟူမူကား ၊ ရုဗင် ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ဇာဗုလုန်၊
1 Chronicles 9:6ဇေရ အမျိုး ယွေလ နှင့် သူ ၏ညီအစ်ကို တစု ပေါင်းခြောက် ရာ ကိုး ဆယ်တည်း။