ရှင်မဿဲခရစ်ဝင် 11:19
လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤ သူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။ သို့သော်လည်း ပညာ တရားသည် မိမိသားတို့တွင် ကဲ့ရဲ့ ပြစ်တင်ခြင်းနှင့် လွတ်သည် ဟုမိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 92:5အို ထာဝရဘုရား ၊ စီရင်တော်မူသောအမှု တို့သည်ကြီးမား ၍၊ အကြံ အစည်တော်လည်း အလွန် နက် လှပါ၏။
Proverbs 17:24ဉာဏ် ရှိသောသူသည် ပညာ ကို မျက်မှောက် ပြုတတ်၏။ မိုက် သောသူ၏ မျက်စိ မူကား ၊ မြေကြီး စွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
Luke 5:29ထိုနောက်မှ လေဝိ သည် ကိုယ်တော် အဘို့အလို့ငှာမိမိ အိမ် ၌ ကြီးစွာ သောပွဲ ကိုခံ ၍၊ အခွန်ခံ သောသူများ နှင့် အခြား သောသူ အပေါင်းတို့သည် ကိုယ်တော်မှစသောတပည့် တော်တို့နှင့်တကွ စားပွဲ၌ လျောင်း ကြ၏။
Luke 7:34လူ သား သည် စား သောက် လျက် လာ သည်ရှိသော်၊ ဤသူ သည် စားကြူး သောသူ၊ စပျစ်ရည်သောက်ကြူး သောသူပါတကား။ အခွန်ခံ သောသူနှင့် ဆိုး သောသူတို့ကို မိတ်ဆွေ ဖွဲ့သောသူပါတကားဟု ဆို ပြန်ကြ၏။
Luke 15:1အခွန်ခံ သော သူတို့နှင့် ဆိုး သောသူ အပေါင်း တို့သည် နားထောင် ခြင်းငှာအထံ တော်သို့ ချဉ်းကပ် သည် ဖြစ် ၍ ၊
John 2:2ယေရှု နှင့် တပည့် တော်တို့ကိုလည်း ထိုပွဲ သို့ ခေါ်ပင့် ကြ၏။