ရှင်မဿဲခရစ်ဝင် 12:20
နင်းနယ် လျက်ရှိသော ကျူပင် ကိုမ ချိုး ၊ မီးခိုး များသော မီးစာ ကိုမ သတ် ။ တရား သည် အောင်မြင် ခြင်းသို့ ရောက် မည်အကြောင်း စီရင်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
19ငြင်းခုံ ခြင်း၊ ဟစ်ကြော် ခြင်းကို မ ပြုမူ၍၊ လမ်း ခရီး၌ သူ ၏အသံ ကို အဘယ်သူ မျှမကြား စေရ။
21သူ ၏နာမ ကိုလည်း လူ အမျိုးမျိုးတို့သည် ကိုးစား ကြလိမ့်မည်ဟု ဟောထားသတည်း။
Cross References
2 Kings 18:21ကျိုး သောကျူလုံး တောင်ဝေး တည်းဟူသောအဲဂုတ္တု ပြည်ကို ကိုးစား ပါသည်တကား။ ထိုကျူလုံးသည် မှီသောသူ ၏လက် ကို ဖောက် ၍ လျှိုသွားလိမ့်မည်။ ထို သို့အဲဂုတ္တု မင်းကြီး ဖာရော ဘုရင်သည် မိမိ ၌ မှီ သော သူအပေါင်း တို့ကိုပြု လိမ့်မည်
Psalms 98:1ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူပြီ။ လက်ျာ လက်တော်နှင့် သန့်ရှင်း သော လက်ရုံး တော်သည် ကိုယ်တော် အဘို့ ကယ်တင် ခြင်းအမှုကို ပြုလေပြီ။
Isaiah 40:11မိမိ သိုးစု ကို သိုးထိန်း ကဲ့သို့ ကျွေးမွေး တော်မူ မည်။ သိုးသငယ် တို့ကို ချီ ၍ ပိုက် ပွေ့တော်မူမည်။ သားငယ် ရှိသောသိုးမတို့ကိုလည်း ဖြည်းညှင်းစွာ ပို့ဆောင် တော်မူမည်။
Isaiah 57:15အကြောင်း မူကား၊ သန့်ရှင်း ခြင်းဟု နာမ ရှိတော် မူထသော၊ အနန္တ ကာလတည်းဟူသောဘုံဗိမာန်၌ စံ တော်မူထသော၊ အထွဋ် အမြတ်ဖြစ်တော်မူသောဘုရားမိန့် တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌နေ ၏။ စိတ် နှိမ့်ချ သောသူနှင့်၊ နှလုံးကြေကွဲ သောသူတို့ ၏စိတ် ဝိညာဉ်အသက် ရှင်စေ ခြင်းငှါ၊ ကြေကွဲ နှိမ့်ချ သောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
Lamentations 3:31အကြောင်း မူကား၊ ထာဝရ ဘုရားသည် အစဉ် စွန့်ပစ် တော်မ မူတတ်။
Matthew 11:28ဝန်လေး ၍ ပင်ပန်း သော သူ အပေါင်း တို့၊ ငါ့ ထံသို့ လာ ကြလော့။ ငါ သည် ချမ်းသာ ပေးမည်။