ရှင်မဿဲခရစ်ဝင် 13:15
အကြောင်းမူကား ၊ ဤ လူမျိုး သည် မျက်စိ မ မြင် ၊ နား မကြား ၊ စိတ် နှလုံးမသိ ၊ အကျင့်မပြောင်းလဲ ၊ သူ တို့ အနာ ရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ် နှလုံးသည်မိုက် လျက်၊ နား သည်ထိုင်း လျက် ၊ ကိုယ် မျက်စိ ကိုပိတ် လျက်ရှိကြ၏ဟူသောစကားသည် ဤလူ တို့၌ ပြည့်စုံ ခြင်းသို့ရောက်သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
16သင် တို့မျက်စိ သည်မြင် သောကြောင့် မင်္ဂလာ ရှိ၏။ သင် တို့နား သည်လည်း ကြား သောကြောင့် မင်္ဂလာရှိ၏။
Cross References
Psalms 119:70သူ တို့နှလုံး သည် ဆီဥ ကဲ့သို့ ခဲ လျက်ရှိ၏။ အကျွန်ုပ် မူကား၊ ကိုယ်တော် ၏တရား ၌ မွေ့လျော် ပါ၏။
Isaiah 6:10သူ တို့မျက်စိ မမြင်၊ နားမကြား၊ စိတ် နှလုံးမသိ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ် နှလုံးကို မိုက် စေလော့။ သူ တို့ နား ကိုလည်း ထိုင်း စေလော့။ သူ တို့မျက်စိ ကိုလည်း ပိတ် လော့ဟု မိန့် တော်မူ၏။
Isaiah 44:20သူသည် မီးဖိုပြာ ကို ကျက်စား တတ်၏။ မိုက် သောစိတ် နှင့်လမ်းလွဲ ပြီ။ ထို့ကြောင့်၊ ကိုယ် ဝိညာဉ် ကို ကိုယ်မ ချွတ် နိုင်။ မိမိ လက်ျာ လက်၌ မိစ္ဆာဒိဌိ ပါသလောဟု မ အောက်မေ့ နိုင်ပါတကား။
Jeremiah 3:22အိုဖောက်ပြန် သော သူငယ် ၊ သင်တို့ပြန်လာ ကြလော့။ ဖောက်ပြန် ရာများကို ငါပြုပြင် မည်။ သူတို့ ကလည်း၊ အကျွန်ုပ် တို့သည် ကိုယ်တော် ထံသို့ လာ ကြ ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရ ဘုရားဖြစ်တော်မူ၏။
Jeremiah 33:6သို့ရာတွင်၊ ငါ သည် ဤမြို့၏ အနာကို ဆေးအုံ ၍ ပျောက် စေမည်။ မြို့သားတို့သည် ကျန်းမာ မည် အကြောင်း ၊ မြဲ သောစည်းစိမ်ချမ်းသာ နှင့် ပြည့်စုံ မည် အကြောင်းကို ငါပြ မည်။
Zechariah 7:11သူတို့သည် နားမထောင်ဘဲလွတ် အောင် ရုန်းကြ ၏။ မကြား စေခြင်းငှါ နား ကို ပိတ် ကြ၏။