ရှင်မဿဲခရစ်ဝင် 17:18
ယေရှု သည် သူ့ ကိုဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည် သူ မှ ထွက်သွား သဖြင့် ၊ ထို ခဏ မှစ၍ သူငယ် သည် ကျန်းမာ ပကတိဖြစ်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Matthew 12:22ထိုအခါ နတ်ဆိုးစွဲ သောလူကန်း လူအ တစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြလျှင်၊ ထိုလူကန်း လူအသည် မျက်စိမြင် ၍ စကားပြော နိုင်အောင်ကယ်မ တော်မူ၏။
Mark 1:34အထူးထူးအပြားပြား သော အနာ စွဲ သောသူများ တို့ကို သက်သာ စေတော်မူ၏။ နတ်ဆိုး များ တို့ကိုလည်း နှင်ထုတ် တော်မူ၏။ နတ်ဆိုး တို့သည် ကိုယ်တော် ကိုသိ ကြသောကြောင့် ၊ စကားတစ်ခွန်းကိုမျှ ပြော စေခြင်းငှာအခွင့် ပေးတော်မ မူ၏။
Mark 9:25ထိုအခါ လူ များတို့သည် စုဝေး လျက် ပြေးလာကြသည်ကို ယေရှု သည်မြင် လျှင်၊ နားပင်း ၍ စကား အ သောနတ် ၊ သူငယ် မှ ထွက် လော့၊ နောက်တစ်ဖန် မဝင် နှင့် ငါ အမိန့် ရှိ၏ ဟု ထိုညစ်ညူး သောနတ် ကို ဆုံးမ ၍ မိန့် တော်မူသဖြင့် ၊
Luke 4:41နတ်ဆိုး တို့လည်း ၊ ကိုယ်တော် သည် ခရစ်တော်တည်းဟူသောဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏ဟု ဟစ်ကြော် လျက် လူများ မှ ထွက်သွား ကြ၏။ ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်းကို သူတို့သိ ကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြော စေခြင်းငှာမြစ်တား တော်မူ၏။
Luke 9:42သူငယ်လာ စဉ် ပင်နတ်ဆိုး သည် မြေပေါ်မှာလှဲ ၍ တောင့်မာ စေ၏။ ယေရှု သည် ညစ်ညူး သောနတ် ကို ဆုံးမ ၍ ထို သူငယ် ကို ချမ်းသာ စေပြီးမှ အဘ အား အပ်ပေး တော်မူ၏။
Acts 16:18ထိုသို့ အဖန်များစွာ ပြု သောကြောင့် ပေါလု သည် စိတ်မသာ လျက်လှည့်ကြည့် ၍ ၊ သင် သည်သူ ၏ အထဲ မှထွက်သွား လော့။ ယေရှု ခရစ် ၏နာမ တော်ကို အမှီပြု ၍ ငါအမိန့် ရှိ၏ဟု ထိုနတ် ကိုဆို သောခဏခြင်းတွင် နတ်သည်ထွက်သွား ၏။