ရှင်မဿဲခရစ်ဝင် 20:16
ထိုနည်းတူ နောက်ကျ သောသူ တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျသောသူ တို့သည် နောက်ကျ ကြလိမ့်မည်။ ခေါ်တော်မူသောသူအများရှိသော်လည်း၊ ရွေးကောက်တော်မူသောသူနည်းသည် ဟု မိန့်တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
So the last shall be first, and the first last: for many be called, but few chosen.
In Context
Cross References
Matthew 7:13ကျဉ်း သောတံခါး ကိုဝင် ကြလော့။ ပျက်စီး ခြင်းသို့ ရောက် သောလမ်း နှင့် တံခါး သည် ကျယ်ဝန်း သည် ဖြစ်၍ဝင် သောသူ တို့သည်များ ကြ၏။
Matthew 19:30နောက်ကျ သောသူအများ တို့သည် အရင် ကျကြလိမ့်မည် ။ အရင် ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။
Matthew 22:14ထိုသို့ ခေါ် တော်မူသောသူအများ ရှိ သော်လည်း ၊ ရွေးကောက် တော်မူသောသူနည်း သည် ဟု မိန့်တော်မူ၏။
Luke 7:47ထိုကြောင့် ငါဆို သည်ကား၊ သူသည် များစွာ သောအပြစ် တို့နှင့်လွတ် သည်ဖြစ်၍ အလွန် ချစ် တတ်၏။ အနည်းငယ်သော အပြစ်လွတ် သောသူ သည် အနည်းငယ် မျှသာ ချစ် တတ်သည် ဟု မိန့် တော်မူ၏။
Luke 14:24အထက်က ခေါ်ဘိတ် သောသူ တစ်ယောက်မျှ ငါ့ ပွဲ သို့ မဝင် ရ၊ ငါအမိန့်ရှိ ပြီဟု အစေအပါး ကို ဆို သည် ဟု မိန့်တော်မူ၏။
Luke 17:17ယေရှု ကလည်း ၊ တစ်ကျိပ် သောသူ တို့သည်သန့်ရှင်းခြင်းသို့ ရောက် ကြသည်မ ဟုတ်လော။ ကိုး ယောက် သောသူ တို့သည်အဘယ်မှာ ရှိကြသနည်း။