ရှင်မဿဲခရစ်ဝင် 22:15
ထိုအခါ ဖာရိရှဲ တို့သည် ထွက်သွား ပြီးလျှင်၊ ငါတို့သည်သူ ၏စကား ကို ချောင်းမြောင်း၍ အပြစ် ပြုခွင့်ကို အဘယ်သို့ရ နိုင်သနည်းဟု မေးမြန်း တိုင်ပင်ပြီးမှ၊
မြန်မာကျမ်းစာ
In The King James Version
Then went the Pharisees, and took counsel how they might entangle him in his talk.
In Context
14ထိုသို့ ခေါ် တော်မူသောသူအများ ရှိ သော်လည်း ၊ ရွေးကောက် တော်မူသောသူနည်း သည် ဟု မိန့်တော်မူ၏။
Cross References
Psalms 41:6ငါ့ကို ကြည့် လာ သောသူသည် မုသာ စကားကို ပြော တတ်၏။ သူ ၏နှလုံး သည်လည်း မ ကောင်းသော အကြံကို ဆည်းဖူး သည်နှင့် ၊ ထွက်သွား သောအခါ ထုတ် ဘော်ပြော တတ်၏။
Psalms 57:6သူတို့သည် ငါ သွား ရာလမ်း၌ ကျော့ကွင်း ကို ပြင်ဆင် ကြပြီ။ ငါ့ ဝိညာဉ် သည် နှိမ့်ချ လျက်ရှိ၏။ ငါ့ ရှေ့ ၌ တွင်း ကို တူး ကြပြီးမှကိုယ် တူးသော တွင်းထဲ သို့ ကိုယ်ကျ ကြပြီ။
Isaiah 29:21တရား တွေ့ ၍ ဆင်းရဲ သားကို အပြစ် ရောက်စေ သောသူ၊ မြို့တံခါး ဝမှာ အမှုသည်ကို ကျော့ မိစေခြင်းငှါပြုသောသူ၊ အပြစ် မရှိသောသူကို မတရား သဖြင့် ရှုံး စေ သောသူ အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းရ၏။
Jeremiah 20:10လူများ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ကြား ရ၏။ ခပ်သိမ်း သော အရပ်တို့၌ ကြောက်မက် ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြား ပြော ကြလော့။ ငါတို့သည် တဆင့်ကြား ပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ ၏အနားမှာ အစဉ်နေ သောငါ ၏မိတ်ဆွေ အပေါင်း တို့က၊ ငါတို့သည် သူ့ ကို နိုင် ၍ အငြိုး ထားသောစိတ် ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင် ကောင်း သွေးဆောင် လိမ့်မည်ဟု ဆိုကြ၏။
Luke 11:53ထိုသို့ ပရိသတ် တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရမည်အကြောင်း၊
Hebrews 12:3အပြစ် ရှိသောသူတို့လက်တွင်၊ ထိုမျှလောက် ကြီးစွာသော ဆီးတား နှောင့်ရှက်ခြင်းကို ခံ တော်မူသော သခင် ကို ထောက်ရှု ဆင်ခြင်သောအားဖြင့် ၊ အားလျော့ စိတ်ပျက် ခြင်းနှင့် ကင်းလွတ် အံ့သောငှာ ကြိုးစားလော့