ရှင်မဿဲခရစ်ဝင် 5:42
တောင်း သောသူ အားပေး လော့။ ချေးငှား လို သောသူ ကိုလည်း မ ငြင်း မပယ်နှင့်။
မြန်မာကျမ်းစာ
In The King James Version
Give to him that asketh thee, and from him that would borrow of thee turn not thou away.
In Context
41အကြင်သူ သည် သင့် ကိုအနိုင်ပြု ၍ ခရီးတစ် တိုင် သွားစေ၏။ ထိုသူ နှင့်တကွ နှစ် တိုင်သွား ဦးလော့။
43ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ချစ် လော့။ ရန်သူ ကိုမုန်း လော့ဟူသောပညတ် စကားကို သင်တို့ ကြား ရပြီ။
Cross References
Deuteronomy 15:7သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် တွင် ၊ မြို့ တစုံတမြို့၌ ဆင်းရဲ သော ညီအစ်ကို ချင်း ရှိ လျှင် ၊ ထိုဆင်းရဲ သော ညီအစ်ကို ၌ သင် သည် သနားသောစိတ် ကို မ ချုပ်တည်း ရ။ လက် ကိုလည်း မ ပိတ် ရ။
Psalms 37:21မတရား သောသူသည် ချေးငှါး ၍ မ ဆပ် ဘဲ နေတတ်၏။ ဖြောင့်မတ် သောသူမူကား ၊ သနား သောစိတ် ရှိ၍ ပေး တတ်၏။
Psalms 112:5ကရုဏာ စိတ်ရှိ၍ ချေးငှါး တတ်သောသူ သည် ကောင်းစား တတ်၏။ တရားဆုံးဖြတ်ရာ ကာလ၌ အောင် ခြင်းသို့ ရောက်လိမ့်မည်။
Proverbs 11:24စွန့်ကြဲ သော်လည်း ဥစ္စာ တိုးပွါးတတ်သော သူရှိ ၏။ အထောက် မတန်စုသိမ်း ၍ ဆင်းရဲ ခြင်းသို့ ရောက်တတ်သော သူလည်း ရှိ၏။
Ecclesiastes 11:1သင် ၏အစာ ကို ရေ ပေါ် မှာပစ် ချလော့။ ကာလ ကြာမြင့် မှ တဖန်တွေ့ လေဦးမည်။
Isaiah 58:6ငါနှစ်သက် သောအစာရှောင် ခြင်းဟူမူကား ၊ မတရား သော အချည် အနှောင်ကို ချွတ် ခြင်း၊ လေးသော ဝန် ကိုချ ခြင်း၊ ညှဉ်းဆဲ ခံရသောသူတို့ ကို လွှတ် ခြင်း၊ ထမ်းဘိုး ရှိသမျှ ကို ချိုး ခြင်းမ ဟုတ်လော။