ရှင်မဿဲခရစ်ဝင် 7:11
သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင် ၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် ဆုတောင်း သောသူ တို့အား ကောင်း သော အရာ ကို သာ၍ ပေး တော်မူမည် မဟုတ်လော။
မြန်မာကျမ်းစာ
In The King James Version
In Context
10ငါး ကို တောင်း လျှင် မြွေ ကို ပေး မည်သူ တစ်စုံတစ်ယောက် မျှသင် တို့တွင် ရှိ သလော။
Cross References
Genesis 6:5မြေကြီး ပေါ် မှာ လူ အပြစ် ကြီး ၍ ၊ သူ ၏ စိတ်နှလုံး အကြံအစည် ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက် ရှိကြောင်းကို၊ ဘုရား သခင်သိမြင် တော်မူလျှင်၊
Exodus 34:6ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
Job 15:16သို့ဖြစ်လျှင် ၊ ရေ ကိုသောက်သကဲ့သို့ ဒုစရိုက် အပြစ်ကို သောက် လျက်၊ ဆိုးညစ် ရွံ့ရှာ ဘွယ်သော လူ သတ္တဝါ၌ အဘယ် ဆိုဘွယ် ရှိသနည်း။
Psalms 85:12အကယ် စင်စစ်ထာဝရဘုရား သည် ကျေးဇူး ပြု တော်မူ၍ ၊ ငါ တို့ မြေ သည် မိမိ ဘဏ္ဍာ ကို ပေး လိမ့်မည်။
Psalms 86:15အို ထာဝရ ဘုရား၊ ကိုယ်တော် သည် သနား စုံမက် တတ် သော သဘော၊ ကျေးဇူး ပြုတတ် သော သဘော၊ သည်းခံ တတ်သောသဘော၊ ကရုဏာ နှင့် သစ္စာ ကြွယ်ဝသော သဘောနှင့် ပြည့်စုံ သောဘုရား ဖြစ်တော်မူ၏။
Isaiah 49:15မိန်းမ သည် မိမိဘွား သော သား ကို မသနား သည်တိုင်အောင်၊ မိမိ နို့စို့ သူငယ်ကို မေ့လျော့ နိုင်သလော။ အကယ်၍မေ့လျော့ သော်လည်း ၊ သင့် ကို ငါ မ မေ့လျော့။