ရှင်မဿဲခရစ်ဝင် 7:26
အကြင်သူသည်ငါ ဟောပြောသော ဤ စကား ကိုကြား ၍ နား မ ထောင်ဘဲနေ၏။ ထိုသူ သည် သဲ ပေါ်မှာ အိမ် ဆောက် သော လူ မိုက် နှင့် တူ ကြောင်း ကို ငါပုံပြ မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 2:30ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။
Jeremiah 8:9ပညာရှိ တို့သည် အရှက် ကွဲကြ၏။ ထိတ်လန့် ၍ ကျော့ကွင်း ထဲသို့ ဝင်ကြပြီ။ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို ပယ် ကြပြီ။ သူ တို့၌ ပညာ မည် မျှရှိသနည်း။
James 2:20လျှပ်ပေါ် သောလူ ၊ အကျင့် နှင့်ကင်း သော ယုံကြည် ခြင်းသည် အသေ ဖြစ် သည်ကို သိ ချင် သလော။