မိက္ခာအနာဂတ္တိကျမ်း 1:4
မီး ရှေ့ မှာ ဘယောင်း ကဲ့သို့ ၎င်း ၊ ချောက် ကြီးမှ ဆင်း သော ရေ ကဲ့သို့ ၎င်း ရှေ့တော်၌ တောင် တို့သည် အရည် ဖြစ်၍ ၊ ချိုင့် တို့သည်လည်း အက်ကွဲ ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 1
Cross References
Judges 5:4အိုထာဝရဘုရား ၊ ကိုယ်တော် သည် စိရ တောင်ရိုးပေါ်မှ ကြွ ၍ ဧဒုံ တော မှ စစ်ချီ တော်မူသောအခါ ၊ မြေကြီး လှုပ် ၍ မိုဃ်း ရွာသဖြင့် မိုဃ်းတိမ် တို့မှ မိုဃ်းရေ သည် စီး ပါ၏။
Psalms 97:5ထာဝရဘုရား ရှေ့ ၊ မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောအရှင် ၏ရှေ့ တော်၌ ၊ တောင် တို့သည် ဘယောင်း ကဲ့သို့ အရည် ဖြစ်ကြ၏။
Amos 9:5ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် မြေ ကို ထိ တော်မူလျှင် ၊ မြေသည် အရည် ဖြစ်၍ မြေသား အပေါင်း တို့သည် ညည်းတွား ကြလိမ့်မည်။ မြစ် ကဲ့သို့ တပြည်လုံး ထ ပြီးလျှင် ၊ တဖန် အဲဂုတ္တု မြစ် ၌ မြုပ်သကဲ့သို့ မြုပ် လိမ့်မည်။
Habakkuk 3:6ရပ် ၍ မြေကြီး ကို တိုင်း တော်မူ၏။ ကြည့်ရှု ၍ လူမျိုး တို့ကို တုန်လှုပ် စေတော်မူ၏။ အစဉ် အမြဲတည် သော တောင် တို့သည် ကျိုးပဲ့ ၍၊ ထာဝရ ကုန်းရိုး တို့သည် ညွတ် ကြ၏။ ထာဝရ လမ်း တို့ကို ကြွတော်မူ၏။
Zechariah 14:4ထိုနေ့ရက် ၌ ခြေ တော်သည် ယေရုရှလင် မြို့ အရှေ့ ၊ သံလွင် တောင် ပေါ် မှာရပ် ၍ ၊ သံလွင် တောင် သည် အရှေ့ ဘက်မှ အနောက် ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့် ၊ အလွန် ကြီး သော ချိုင့် ဖြစ်လိမ့်မည်။ တောင် တဝက် သည် မြောက် ဘက်သို့ ၎င်း ၊ တဝက် သည် တောင် ဘက်သို့ ၎င်း ရွှေ့ ရလိမ့်မည်။
Revelation 20:11တစ်ဖန်တုံ ၊ ဖြူ သောပလ္လင် ကြီး ကို၎င်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသောသူ ကို၎င်း ငါမြင် ၏။ ကောင်းကင် နှင့် မြေကြီး သည် မျက်နှာ တော်ရှေ့မှ ပြေး လွင့်၍ သူ တို့နေစရာအရပ် မ ရှိ ။