The Bible Software
မိက္ခာအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

မိက္ခာအနာဂတ္တိကျမ်း 1

1ယုဒ ရှင်ဘုရင် ယောသံ မင်း၊ အာခတ် မင်း၊ ဟေဇကိ မင်းတို့လက်ထက် ၌ မောရရှ ရွာသားမိက္ခါ သည် ရှမာရိ မြို့နှင့် ယေရုရှလင် မြို့အဘို့ ခံရ သော ထာဝရဘုရား ၏ ဗျာဒိတ် တော်ဟူမူကား ၊

2အိုလူ များအပေါင်း တို့၊ ကြား ကြလော့။ အို ပြည် နှင့် ပြည်သားအပေါင်းတို့၊ နားထောင် ကြလော့။ အရှင် ထာဝရဘုရား တည်းဟူသောသန့်ရှင်း သော ဗိမာန် တော် ထဲက ဘုရား ရှင်သည် သင် တို့တဘက် ၌ သက်သေခံ တော်မူမည်။

3ထာဝရဘုရား သည် ကျိန်းဝပ်တော်မူရာ အရပ် ဌာနတော်ထဲက ထွက် ကြွဆင်းသက် ၍ ၊ မြင့် သော မြေ အရပ်တို့ကို နင်း တော်မူမည်။

4မီး ရှေ့ မှာ ဘယောင်း ကဲ့သို့ ၎င်း ၊ ချောက် ကြီးမှ ဆင်း သော ရေ ကဲ့သို့ ၎င်း ရှေ့တော်၌ တောင် တို့သည် အရည် ဖြစ်၍ ၊ ချိုင့် တို့သည်လည်း အက်ကွဲ ကြလိမ့်မည်။

5ထို အမှုသည် ယာကုပ် လွန်ကျူး ၍ ဣသရေလ အမျိုး ပြစ်မှား သောကြောင့် ရောက်သတည်း။ ယာကုပ် လွန်ကျူး ရာကား အဘယ်သို့ နည်း။ ရှမာရိ မြို့မ ဟုတ် လော။ ယုဒ ၏မြင့် ရာအရပ်ကား အဘယ်မှာ ရှိသနည်း။ ယေရုရှလင် မြို့၌ရှိသည်မ ဟုတ်လော။

6ထိုကြောင့် ၊ ရှမာရိ မြို့ကို လယ်ပြင် ၌ မြေပုံ ကဲ့သို့ ၎င်း ၊ စပျစ် ဥယျာဉ် စိုက် ရာအရပ်ကဲ့သို့ ၎င်း ငါဖြစ် စေမည် ။ မြို့ရိုး ကျောက် တို့ကို ချိုင့် ထဲ သို့ သွန် ပစ်၍ ၊ မြို့ရိုး အမြစ် ကို လှန် ပြမည်။

7ခပ်သိမ်း သော ရုပ်တု ဆင်းတုတို့ကို ချိုးဖဲ့ မည်။ သူငှါးလုပ်၍ ရသမျှ သောအခ တို့ကို မီးရှို့ မည်။ မှားသော ဘုရား ရှိသမျှ တို့ကို သုတ်သင် ပယ်ရှင်းမည်။ ပြည်တန်ဆာ လုပ်၍ ဥစ္စာ ကို ဆည်းဖူး သည်ဖြစ်၍၊ ထိုဥစ္စာ သည် ပြည်တန်ဆာ လက်သို့ တဖန်ရောက် ရဦးမည်။

8ထို အမှုကြောင့် ငါသည် ငိုကြွေး မြည်တမ်း မည်။ အဝတ်ကိုချွတ် ၍ အချည်းစည်း လည်သွား မည်။ မြေခွေး ကဲ့သို့ အူ လျက် ၊ ကုလားအုပ် ငှက်ကဲ့သို့ မြည် လျက်နေမည်။

9သူ ခံရသောဒဏ်နာ မ ပျောက်နိုင်။ ယုဒ ပြည်တိုင်အောင် ကူး သဖြင့်၊ ငါ ၏အမျိုးသား နေရာ ယေရုရှလင် မြို့ တံခါး သို့ ရောက် လေပြီ။

10ဂါသ မြို့၌ သိတင်းမ ပြော ကြနှင့်။ အလျှင်းမ ငိုကြွေး ကြနှင့်။ ဗေသောဖရာ မြို့မှာ မြေမှုန့် ၌ လူး လဲလျက် နေကြလော့။

11အိုရှဖိရ မြို့သမီး ၊ အဝတ်ကို ချွတ် ၍ အရှက်ကွဲ လျက် သွား လော့။ ဇာနန် မြို့သမီး သည် ငိုကြွေး ခြင်းကို ပြုလျက် မ ထွက် ရ။ ဗေသဇေလ မြို့သည် သင်တို့တည်းခိုရသော အခွင့်ကို မပေးရ။

12မာရုတ် မြို့သမီး သည်လည်း ကောင်း သောအရာ ကို တောင့်တ၍ နာကျင် လျက်ရှိ၏။ အကြောင်း မူကား၊ ထာဝရဘုရား ထံတော်မှ ဘေးဒဏ် သည် ယေရုရှလင် မြို့ တံခါး သို့ ရောက် လေပြီ။

13အိုလာခိရှ မြို့သမီး ၊ လျင်မြန်သော မြင်း ကို ရထား ၌ က လော့။ သင် သည် ဣသရေလ ၏ လွန်ကျူး ခြင်း ကို လက်ခံ ၍၊ ဇိအုန် သတို့သမီး အား အပြစ် လမ်းကို ပြသတည်း။

14ထိုကြောင့် သင်သည် ဂါသ ပြည် မောရရှက်မြို့ သို့ လက်ဆောင် ကိုပေး လိုက်ရမည်။ အာခဇိပ် မြို့သား တို့ သည် ဣသရေလ ရှင် ဘုရင်တို့ကို လှည့်စား ကြလိမ့်မည်။

15အိုမရေရှ မြို့သမီး ၊ သင် ၏ဥစ္စာကို အမွေ ခံသောသူကို ငါခေါ် ခဲ့မည်။ သူသည် ဣသရေလ ဘုန်း ၊ အဒုလံ မြို့သို့ ရောက် လိမ့်မည်။

16ချစ် ဘွယ်သောသင် ၏သားသမီး တို့သည် သိမ်း သွားခြင်းကို ခံရသောကြောင့် ၊ သူတို့အတွက် သင်သည် ခေါင်းပြောင်အောင် ဆံပင်ကိုရိတ် ၍နေလော့။ ရွှေလင်းတ ကဲ့သို့ ကျယ်စွာ သော ခေါင်းပြောင် ခြင်းကို ပြုလော့။

← Jonah 4Read In The App, Free →မိက္ခာအနာဂတ္တိကျမ်း 2 →

Study မိက္ခာအနာဂတ္တိကျမ်း 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567