မိက္ခာအနာဂတ္တိကျမ်း 1:5
ထို အမှုသည် ယာကုပ် လွန်ကျူး ၍ ဣသရေလ အမျိုး ပြစ်မှား သောကြောင့် ရောက်သတည်း။ ယာကုပ် လွန်ကျူး ရာကား အဘယ်သို့ နည်း။ ရှမာရိ မြို့မ ဟုတ် လော။ ယုဒ ၏မြင့် ရာအရပ်ကား အဘယ်မှာ ရှိသနည်း။ ယေရုရှလင် မြို့၌ရှိသည်မ ဟုတ်လော။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 1
Cross References
1 Kings 13:32ဗေသလ မြို့ယဇ် ပလ္လင်တစ်ဘက် ရှမာရိ မြို့ ရွာတွင် ၊ မြင့် သောအရပ်ပေါ်မှာ ဆောက်သော အိမ် များ တစ်ဘက် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်အတိုင်း ကြွေးကြော် သော စကား သည် စင်စစ်ပြည့်စုံ လိမ့်မည်ဟု မှာ ထားလေ၏။
2 Kings 16:3ဣသရေလ ရှင် ဘုရင်တို့ လိုက်သောလမ်း သို့ လိုက် ၍ ၊ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ ရှေ့ မှ၊ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ် ထုံးစံအတိုင်း ၊ မိမိ သား ကို မီး ဖြင့် ပူဇော် ၏
2 Kings 17:7အကြောင်း မူကား၊ အဲဂုတ္တု ပြည် နှင့် အဲဂုတ္တု ဖာရော ဘုရင် လက် ထဲက ကယ်နှုတ် တော်မူသောမိမိ တို့ ဘုရား သခင်ထာဝရဘုရား ကို ဣသရေလ အမျိုးသား တို့ သည် ပြစ်မှား ၍ အခြား တပါးသော ဘုရား တို့ကို ရိုသေ ကြ၏
2 Chronicles 28:2ဣသရေလ ရှင် ဘုရင်တို့လိုက်သော လမ်း သို့ လိုက် ၍ ၊ ဗာလ ဘုရားတို့အဘို့ ရုပ်တု ဆင်းတုများကို သွန်း လေ၏။
2 Chronicles 28:23ငါ့ကိုဒဏ် ပေးသော ဒမာသက် မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိ ရှင်ဘုရင် ကိုးကွယ်သောဘုရား တို့သည် ကျေးဇူး ပြုတတ်သောကြောင့် ၊ ငါ ၌လည်း ကျေးဇူး ပြုစေခြင်းငှါ၊ ထို ဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလ အမျိုးအကျိုးနည်း စရာ အကြောင်း ဖြစ် သတည်း။
Isaiah 50:1ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါလွှတ် လိုက်သော သင် တို့အမိ ၏ ဖြတ် စာ သည် အဘယ်မှာ ရှိသနည်း။ ငါ ၌ကြွေးရှိ၍ အဘယ် မည်သော ကြွေးရှင် ထံ ၌ သင် တို့ကို ငါရောင်း သနည်း။ သင် တို့သည် ကိုယ်ပြု သော ဒုစရိုက် အတွက် ကျွန်ခံရကြ၏။ သင် တို့အပြစ် ကြောင့် ၊ သင် တို့အမိ ကို ငါလွှတ် လိုက်၏။