The Bible Software
မိက္ခာအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

မိက္ခာအနာဂတ္တိကျမ်း 3

1ငါဆို သည်ကား၊ အိုယာကုပ် အမျိုးမင်း ၊ ဣသရေလ အမျိုး သူကြီး တို့၊ နားထောင် ကြပါလော့။ သင် တို့သည် တရား သဖြင့် စီရင်ခြင်းအမှုကို နားလည် အပ်သည် မ ဟုတ်လော။

2သုစရိုက် ကို မုန်း ၍ ဒုစရိုက် ကို နှစ်သက် လျက်၊ သူတပါး အရေ ကို၎င်း ၊ အရိုး ၌ ကပ်သော အသား ကို၎င်းဆွဲ ယူလျက် ၊

3ငါ့ လူ တို့၏အသား ကို စား လျက် ၊ အရေ ကို ခွာ လျက် ၊ အရိုး တို့ကို ချိုး လျက် ၊ ဟင်းအိုး ၌ ချက်သော သားတစ်၊ အိုးကင်း ၌ ပြုတ်သော အမဲသား ကို ပြုသကဲ့သို့ အရိုးအသားကို စဉ်း လျက်နှင့်ပင်၊

4သင်တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ သော်လည်း နားထောင် တော်မ မူ။ ဒုစရိုက် ကို ပြုကြသည် နှင့်အညီ ၊ ထို ကာလ ၌ မျက်နှာ တော်ကို လွှဲ တော်မူလိမ့်မည်။

5ငါ ၏လူ တို့ကို မှားယွင်း စေလျက် ဝ စွာ စားရ သောအခါ၊ ငြိမ်ဝပ် ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက် ၊ မ လုပ်ကျွေး သောသူကိုကား၊ စစ်တိုက် ခြင်းငှါပြင်ဆင် လျက် ၊ ပရောဖက် ပြုသောသူတို့၊

6သင်တို့သည် ရူပါရုံ ကို မ မြင်နိုင်မည်အကြောင်း၊ ညဉ့် အချိန် ရောက်လိမ့်မည်။ အနာဂတ်ကို မ ဟော နိုင် မည်အကြောင်း၊ မှောင်မိုက် ဖြစ်လိမ့်မည်။ ပရောဖက် တို့၌ နေ ဝင် လိမ့်မည်။ နေ့ အချိန်၌ ပင် မှောင်မိုက် ဖုံးလွှမ်းလိမ့်မည် ။

7ထိုအခါ ပရောဖက် တို့သည် ရှက်ကြောက် ကြ လိမ့်မည်။ အနာဂတ်ကို ဟော သောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရား သခင်ထူး တော်မ မူသောကြောင့် ၊ ထိုသူ အပေါင်း တို့ သည် မိမိတို့နှုတ် ကို ဖုံး ထားကြလိမ့်မည် ဟု ထာဝရဘုရား မိန့် တော်မူ၏။

8ငါ မူကား ၊ ယာကုပ် အမျိုး လွန်ကျူး ခြင်း၊ ဣသရေလ အမျိုးပြစ်မှား ခြင်းကို သူတို့အား ဘော်ပြ နိုင်မည် အကြောင်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်အားဖြင့် အရှိန် တန်ခိုး၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့် ပြည့်စုံ ၏။

9ဖြောင့်မတ်စွာ စီရင် ခြင်းကို ရွံရှာ ၍ ခပ်သိမ်း သောတရား ကို ဖျက် လျက်၊

10လူအသက်ကို သတ် ခြင်းအမှုဖြင့် ဇိအုန် မြို့ကို၎င်း ၊ အဓမ္မ အမှုဖြင့် ယေရုရှလင် မြို့ကို၎င်း ပြုစု သော ယာကုပ် အမျိုး မင်း ၊ ဣသရေလ အမျိုး သူကြီး တို့၊ နားထောင် ကြပါလော့။

11မင်း တို့သည် လက်ဆောင် ကို ရခြင်းငှါသာ တရားမှုကို စီရင် တတ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် အခ ကို ရခြင်းငှါသာ သင် ပေးတတ်ကြ၏။ ပရောဖက် တို့ သည် ငွေ ကို ရခြင်းငှါသာ အနာဂတ်ကို ဟော တတ်ကြ၏။ သို့သော်လည်း ၊ ထာဝရဘုရား ကို ခိုလှုံ လျက်၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူသည်မ ဟုတ်လော၊ ဘေး ဥပဒ် မ ရောက် နိုင်ဟု ဆို တတ်ကြသည်တကား။

12ထိုကြောင့် ၊ သင် တို့အတွက် ဇိအုန် တောင်သည် လယ် ကဲ့သို့ ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း မြေပုံ များဖြစ် လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း ၊ တော တောင် ကဲ့သို့ဖြစ်လိမ့်မည်။

← မိက္ခာအနာဂတ္တိကျမ်း 2Read In The App, Free →မိက္ခာအနာဂတ္တိကျမ်း 4 →

Study မိက္ခာအနာဂတ္တိကျမ်း 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567