မိက္ခာအနာဂတ္တိကျမ်း 5:4
ထိုသခင်သည် ရပ် ၍ ထာဝရဘုရား ၏အစွမ်း သတ္တိနှင့် ၎င်း ၊ မိမိ ဘုရား သခင် ထာဝရဘုရား ၏နာမ တော် တန်ခိုး အာနုဘော် နှင့် ၎င်း ၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုသခင်သည် မြေကြီး စွန်း တိုင်အောင် အစိုးရ ၍ ၊ ရန်ငြိမ်း ခြင်း အကြောင်းဖြစ် တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of မိက္ခာအနာဂတ္တိကျမ်း 5
Cross References
1 Chronicles 29:11အိုထာဝရဘုရား ၊ ကိုယ်တော် သည် ဘုန်း တန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင် မြေကြီး ၌ ရှိရှိသမျှ ကို ပိုင်တော်မူ၏။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစိုးရတော်မူ၏။ ခပ်သိမ်း သောသူတို့၏ အထွဋ် ၊ မြင့်မြတ်တော်မူ ၏။
Psalms 23:1ထာဝရဘုရား သည် ငါ ၏ သိုးထိန်းဖြစ်တော်မူ ၏။ ငါသည် ဆင်းရဲ မ ခံရ။
Psalms 72:8ပင်လယ် တပါးမှ တပါး တိုင်အောင် ၎င်း ၊ မြစ် မှ သည် မြေ စွန်း တိုင်အောင် ၎င်း အစိုးရ တော်မူ လိမ့်မည်။
Psalms 93:1ထာဝရဘုရား သည် စိုးစံ ၍၊ အာနုဘော် နှင့် တန်ဆာ ဆင်တော်မူ၏။ ထာဝရဘုရား သည် ထိုသို့ ဝတ်ဆင် ၍၊ ခွန်အား ကို ခါးပန်းစည်း တော်မူ၏။ သို့ ဖြစ်၍၊ လောကဓါတ် သည် မ လှုပ် မရှားနိုင်အောင် တည် လျက် ရှိ၏။
Psalms 145:12တန်ခိုး ပါသောအမှုတော်များနှင့် နိုင်ငံ တော်၏ ဘုန်း အသရေများကို လူသား တို့အား ဘော်ပြ ကြပါ၏။
Isaiah 40:10ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည်၊ ကြီး သော တန်ခိုး နှင့် ကြွလာ ၍ ၊ လက်ရုံး တော်အားဖြင့်အစိုးရ တော်မူလိမ့်မည်။ မိမိ ခံတော်မူထိုက်သောအခ မိမိ ၌ ပါလျှက်၊ ဆုလပ် တော်သည် ရှေ့ တော်၌ ရှိ၏။