The Bible Software
နာဟုံအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

နာဟုံအနာဂတ္တိကျမ်း 2

1ဖျက်ဆီး သောသူသည် သင့် ရှေ့ သို့ ရောက် လာ ပြီ။ သင်၏ရဲတိုက် ကို သတိ ပြုလော့။ လမ်း ကို စောင့် လော့။ ကိုယ်ခါး ကို ခိုင်ခံ့ စေလော့။ ကျပ်ကျပ် အား ယူ လော့။

2အကြောင်း မူကား၊ ထာဝရဘုရား သည် ဣသရေလ ၏ဘုန်း ကဲ့သို့ ယာကုပ် ၏ဘုန်း ကို ပြုပြင် တော်မူ၏။ သုတ်သင် သောသူတို့ သည် ယာကုပ် အမျိုးကို သုတ်သင် ၍ ၊ သူ ၏အခက် အလက်တို့ကို ပယ်ရှင်း ကြပြီ။

3သူရဲ တို့သည် နီ သော ဒိုင်း လွှားကို ဆောင်၍၊ နီ သော အဝတ်ကိုဝတ်ကြ၏။ ခင်းကျင်း သောနေ့ ၌ ရထား တို့သည် သံ လက်နက်နှင့် တောက်ပ ၍ ၊ လှံတံ တို့သည် အလွန် လှုပ်ရှားကြ၏။

4ရထား တို့သည် လမ်း ၌ ဟုန်းဟုန်း မြည်၍၊ လမ်းမ တို့၌ တောင်မြောက်ပြေး ကြ၏။ မီးရူး အဆင်း အရောင်ရှိ၍၊ လျှပ်စစ် ကဲ့သို့ ပြေး ကြ၏။

5စစ်သူရဲ တို့ကို နှိုးဆော် တော်မူ၏။ သူ တို့သည် ချီ သွားစဉ် သူတပါးကို တွန်း ချကြ၏။ မြို့ရိုး သို့ အလျင်အမြန် သွား၍ ပြအိုး တို့ကို ပြင်ဆင် ကြ၏။

6မြစ် တံခါး ပွင့် လျှင် ၊ နန်းတော် သည် ကွယ်ပျောက် ၏။ နိနေဝေသတို့သမီးကို အဝတ် ချွတ်၍ ထုတ် ရ၏။

7အပျို တော်တို့သည် ချိုး ကဲ့သို့ ကူ ၍ ရင်ပတ် ကို တီး လျက် လိုက် ရကြ၏။

8ရှေးကာလ မှစ၍ နိနေဝေ မြို့သည် ရေကန် ကဲ့သို့ ဖြစ်၏။ ယခုမူကား၊ ရေ တို့သည် စီး ထွက်ကြ၏။ ရပ် ကြ။ ရပ် ကြဟုဟစ်သော်လည်း အဘယ်သူ မျှပြန် ၍ မကြည့်။

9ငွေ ကို လုယူ ကြ။ ရွှေ ကိုလည်း လုယူ ကြ။ နှစ်သက် ဘွယ်သော တန်ဆာ များကို ရွှေတိုက် တော်ထဲက ထုတ်၍ မ ကုန် နိုင်။

10မြို့တော်သည် ဟင်းလင်း နေရ၏။ ဥစ္စာ မရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက် လျက် ၊ ဒူး ချင်းထိခိုက် လျက် ၊ အလွန်ခါး ကိုက် လျက် ၊ မျက်နှာ မည်း လျက် ရှိကြ၏။

11ခြင်္သေ့ နေရာအရပ်၊ ခြင်္သေ့ ပျို စား ရာအရပ်၊ ခြင်္သေ့ ၊ ခြင်္သေ့ မ၊ ခြင်္သေ့ ကလေး တို့သည် အဘယ်သူမျှမ ကြောက် စေဘဲ၊ ကျင်လည် ရာအရပ်သည် အဘယ်မှာ ရှိသနည်း။

12ခြင်္သေ့ သည် သား ငယ်များတို့ ကိုက် ဖြတ်လျက် ၊ ခြင်္သေ့ မတို့ လည်ပင်းကို ညှစ် လျက် ၊ လုယူ ဖျက်ဆီးသော အကောင်များကို ဆောင်ခဲ့၍ မိမိ မှီခို ရာတွင်း တို့ကို ပြည့် စေတတ်၏။

13ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် တဘက် ၌ ငါ နေ၏။ သင် ၏ရထား တို့ကို မီးခိုး ထဲမှာ မီးရှို့ မည်။ သင် ၏ခြင်္သေ့ ပျိုတို့ကို ထား ဖြင့် ဖျက်ဆီး မည်။ သင် လုယူသော ဥစ္စာ ကို မြေကြီး မှ ပယ်ရှင်း မည်။ သင် ၏သံတမန် တို့ စကား သံကို နောက် တဖန် အဘယ်သူမျှမ ကြား ရ။

← နာဟုံအနာဂတ္တိကျမ်း 1Read In The App, Free →နာဟုံအနာဂတ္တိကျမ်း 3 →

Study နာဟုံအနာဂတ္တိကျမ်း 2

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123