Nehemiah 2:13
ညဉ့် အခါ ချိုင့် တံခါး ဖြင့် ထွက် ၍ ၊ နဂါး ရေတွင်း တစ်ဘက်တချက် ၊ နောက်ချေး တံခါး တိုင်အောင် သွား သဖြင့်၊ ယေရုရှလင် မြို့ရိုး သည် ပြိုပျက် လျက်၊ မြို့တံခါး လည်း မီး လောင် ၍ မရှိသည်ကို ကြည့်ရှု ပြီးမှ၊
မြန်မာကျမ်းစာ
In The King James Version
In Context
14စမ်း ရေတွင်းတံခါး နှင့် ရှင်ဘုရင် ရေကန် တိုင်အောင် လွန် ပြန်၍ ၊ မြင်း လမ်းမရှိ သောကြောင့်၊
Cross References
Nehemiah 1:3သူတို့က၊ သိမ်း သွားခြင်းကို ခံရသောလူစုထဲက လွတ် ၍ ၊ ထို ပြည် ၌ နေ သောသူတို့သည် ကြီးစွာ သော ဆင်းရဲ ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံရကြ၏။ ယေရုရှလင် မြို့ရိုး သည် ပြိုပျက် လျက်၊ မြို့တံခါး လည်း မီး လောင် ၍ ကုန်ပြီဟု ပြန်ပြော ကြ၏။
Nehemiah 2:15တဖန် ထိုညဉ့် ၌ ချောင်း နားတွင် ရှောက်သွား ၍၊ မြို့ရိုး ကို ကြည့်ရှု ပြီးမှ ၊ ချိုင့် တံခါး ဖြင့် လှည့် ၍ ဝင် ပြန် လေ၏။
Nehemiah 3:13ချိုင့် တံခါး ကိုကား၊ ဟာနုန် နှင့် ဇာနော မြို့သား တို့သည် ပြင် ၍ တံခါး တိုင်၊ တံခါးရွက်၊ သော့ ခလောက်၊ ကန့်လန့်ကျင် တို့ကို လုပ်ပြီးမှ ၊ မြို့ရိုး အတောင် တထောင် ကို နောက်ချေး တံခါး တိုင်အောင် တည် ကြ၏။
Nehemiah 12:31ထိုအခါ ယုဒ မင်း တို့ကို မြို့ရိုး ပေါ် သို့ ငါခေါ် ၍၊ ချီးမွမ်း ရာသီချင်းဆိုရသော လူစုကြီး နှစ် စုကို ခန့် ထား၏။ တစုကားလက်ျာ ရစ်လှည့်၍ နောက်ချေး တံခါး သို့ မြို့ရိုး ပေါ် မှာ ရှောက် သွားကြ၏။