တောလည်ရာကျမ်း 13:27
မောရှေ အား လည်း ၊ အကျွန်ုပ်တို့သည်ကိုယ်တော်စေလွှတ် သော ပြည် သို့ ရောက် ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့ နှင့် ပျားရည် စီး သော ပြည်ဖြစ်ပါ၏။ ဤ အသီးတို့ ကား ထိုပြည်၌သီးသော အသီး ဖြစ်ပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 3:8သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။
Exodus 13:5သင် တို့အား ပေး ခြင်းငှာ ဘိုးဘေး များ၌ ထာဝရဘုရားကျိန်ဆို တော်မူသော ပြည်၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် သို့ ပို့ဆောင် တော်မူပြီးမှ ၊ ယခု လ တွင် သင်တို့သည် ဤ ဝတ် ကိုပြု ရကြမည်။
Leviticus 20:24သူ တို့ပြည် တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် ကို သင် တို့သည် အမွေခံ စေခြင်းငှါ ငါ အပိုင်ပေး မည်ဟု ငါ့အမိန့် တော်ရှိပြီ။ ငါသည် သင် တို့ကို အခြားသော အမျိုး နှင့် ခွဲ ထားသော သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Numbers 14:8ထာဝရဘုရား သည် ငါ တို့ကိုနှစ်သက် လျှင် ၊ နို့ နှင့် ပျားရည် စီး သော ထိုပြည် သို့ ငါ တို့ကို ဆောင် သွင်း၍ အပိုင်ပေး တော်မူလိမ့်မည်။
Numbers 16:14ထိုမှတပါး နို့ နှင့် ပျားရည် စီး သော ပြည် သို့ ငါ တို့ကို မ ဆောင် ၊ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မပေး ဘဲ၊ ဤ လူ တို့၏မျက်စိ ကို ဖောက် ချင်သလော။ ငါတို့သည် သင့်ထံသို့မ လာ ဟု ပြန်ဆို၏။
Deuteronomy 6:3အိုဣသရေလ အမျိုး၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ သင် သည် နို့ နှင့် ပျားရည် စီး သောပြည် ၌ ချမ်းသာ ရ၍ အလွန် ပွား များမည် အကြောင်း နားထောင် လော့။ သတိ နှင့် ကျင့် စောင့်လော့။