The Bible Software
တောလည်ရာကျမ်း · မြန်မာကျမ်းစာ

တောလည်ရာကျမ်း 13

1တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊

2ဣသရေလ အမျိုးသား တို့အား ငါ ပေး သော ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ၊ အမျိုးအနွယ် အသီးအသီး ထဲက အဆွေအမျိုး သူကြီး ဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ် လော့ဟု၊

3ထာဝရဘုရား မှာထား တော်မူသည်အတိုင်း၊ မောရှေ သည် လူ တို့ကို ပါရန် တော က စေလွှတ် လေ၏။ စေလွှတ်သောသူအပေါင်း တို့သည် ဣသရေလ အမျိုး ၌ အကဲအမှူး ဖြစ်ကြ၏။

4သူ တို့အမည် ကား၊ ရုဗင် အမျိုး ၊ ဇက္ကုရ သား ရှမွာ။

5ရှိမောင် အမျိုး ၊ ဟောရိ သား ၊ ရှာဖတ်။

6ယုဒ အမျိုး ၊ ယေဖုန္န သား ကာလက်။

7ဣသခါ အမျိုး ၊ ယောသပ် သား ဣဂါလ။

8ဧဖရိမ် အမျိုး ၊ နုန် သား ဩရှေ။

9ဗင်္ယာမိန် အမျိုး ၊ ရာဖု သား ပါလတိ။

10ဇာဗုလုန် အမျိုး ၊ သောဒိ သား ဂါဒျေလ။

11ယောသပ် သား တွင် မနာရှေ အမျိုး ၊ သုသိ သား ဂဒ္ဒိ။

12ဒန် အမျိုး ၊ ဂေမလ္လိ သား အမျေလ။

13အာရှာ အမျိုး ၊ မိက္ခေလ သား သေသုရ။

14နဿလိ အမျိုး ၊ ဝါဖသိ သား နာဘိ။

15ဂဒ် အမျိုး မာခိ သား ဂွေလ တည်းဟူသော၊

16ခါနာန်ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် သောသူတို့ ၏အမည် တည်း။ နုန် ၏သား ဩရှေ ကို ယောရှု ဟူသောအမည်ဖြင့် မောရှေ မှည့် လေ၏။

17ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် လျက် ၊ သင်တို့သည် တောင် မျက်နှာလမ်းဖြင့် သွား ၍ တောင်ရိုး ပေါ်သို့တက် ကြလော့။

18ထိုပြည် သည် အဘယ်သို့ သော ပြည်ဖြစ် သနည်း။ ပြည်သား တို့သည် အားကြီး သလော၊ အားနည်း သလော။ များ သလော၊ နည်း သလော။

19သူ တို့နေ သောပြည် သည် ကောင်း သလော၊ မကောင်း လော။ သူ တို့နေ သော မြို့ ရွာတို့သည် အဘယ်သို့ နည်း။ တဲ နှင့် နေကြသလော။ ခိုင်ခံ့ သော မြို့နှင့် နေကြသလော။

20ထိုမြေ သည် ကောင်း သလော၊ မကောင်း လော။ တော များသလော၊ နည်း သလောဟုကြည့်ရှုကြလော့။ ရဲရင့် သောစိတ်ရှိကြလော့။ သစ်သီး အချို့ ကိုလည်း ယူ ခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလ သည် စပျစ်သီး မှည့် စကာလ ဖြစ်သတည်း။

21ထိုသူတို့သည် ဇိန တော မှ သွား ၍ ဟာမတ် မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘ မြို့တိုင်အောင် ခါနာန် ပြည် ကို စူးစမ်း ကြ၏။

22တောင် မျက်နှာ၌ ရှောက်သွား ၍ အာနက အမျိုးသား အဟိမန် ၊ ရှေရှဲ ၊ တာလမဲ နေသောဟေဗြုန် မြို့သို့ ရောက် ကြ၏။ ဟေဗြုန် မြို့ကား၊ အဲဂုတ္တု ပြည်၌ ဇောန မြို့ မ တည်မှီ ခုနစ် နှစ် ကတည် သော မြို့ဖြစ်သတည်း။

23ဧရှကောလ ချိုင့် သို့ ရောက် လျှင် ၊ အသီး တ ပြွတ် ပါသောစပျစ်နွယ်ပင်အခက် တခက်ကို ခုတ် ၍ လူ နှစ် ယောက်တို့သည် ထမ်းဘိုး နှင့်ထမ်း ကြ၏။ သလဲသီး ၊ သင်္ဘောသဖန်းသီး များကိုလည်း ဆောင်ခဲ့ကြ၏။

24ဣသရေလ အမျိုးသား ခုတ် ယူသော စပျစ်သီး ပြွတ်ကိုထောက်၍ ၊ ထို ချိုင့် ကို ဧရှကောလ ချိုင့် ဟူသောအမည်ဖြင့် မှည့် သတည်း။

25အရက် လေးဆယ် လွန် မှ ခါနာန်ပြည် ကို စူးစမ်း သော အမှုပြီး၍ ပြန် လာကြ၏။

26မောရှေ နှင့် အာရုန် မှစ၍ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့နေရာ ပါရန် တော ၊ ကာဒေရှ အရပ်သို့ ရောက် သောအခါ ၊ ပရိသတ် အပေါင်း တို့အား သိတင်း ကြားပြော၍ ၊ ထိုပြည် ၌ သီးသော အသီး ကို ပြ ကြ၏။

27မောရှေ အား လည်း ၊ အကျွန်ုပ်တို့သည်ကိုယ်တော်စေလွှတ် သော ပြည် သို့ ရောက် ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့ နှင့် ပျားရည် စီး သော ပြည်ဖြစ်ပါ၏။ ဤ အသီးတို့ ကား ထိုပြည်၌သီးသော အသီး ဖြစ်ပါ၏။

28သို့ရာတွင် ပြည်သူ ပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့ သော မြို့ ကြီး နှင့်နေကြပါ၏။ ထိုမျှမက ၊ အာနက အမျိုးသား တို့ကိုလည်း မြင် ရပါ၏။

29အာမလက် အမျိုးသားတို့သည် တောင် ဘက် ၌၎င်း၊ ဟိတ္တိ လူ၊ ယေဗုသိ လူ၊ အာမောရိ လူတို့သည် တောင်ရိုး ပေါ်၌ ၎င်း၊ ခါနာနိ လူတို့သည် ပင်လယ် နား ယော်ဒန် မြစ်နား၌၎င်း၊ နေ ကြပါသည်ဟု လျှောက်ဆို ကြ ၏။

30ကာလက် ကလည်း ချက်ခြင်းချီ သွား၍ ထိုပြည် ကို သိမ်းယူ ကြစို့။ အောင်နိုင် ကောင်းသည်ဟု ဆို ၍ မောရှေ ရှေ့မှာ လူ များတို့ကို ငြိမ်း စေ၏။

31သူ နှင့်အတူ လိုက် သွားသော သူ တို့က၊ ထိုပြည်သား တို့ကို ငါတို့ မ တိုက် နိုင်။ သူ တို့သည် ငါ တို့ထက် သာ၍အားကြီး ကြသည်ဟူ၍၎င်း၊

32ငါတို့သွား ၍ စူးစမ်း သော ပြည် သည် မိမိ သား တို့ကို ဖျက်ဆီး တတ်၏။ ငါတို့တွေ့မြင် သော ပြည်သား အပေါင်း တို့သည် အလွန် အရပ်မြင့်ကြ၏။

33ကိုယ် ကြီးသောလူအမျိုးအနွယ်၊ အာနက အမျိုးအနွယ် ဖြစ်၍၊ အလွန် ကြီးမားသောသူတို့ ကိုလည်း မြင် ခဲ့ ကြပြီ။ သူတို့ရှေ့မှာငါတို့သည် ကိုယ် အထင် အတိုင်း နှံကောင် ကဲ့သို့ ဖြစ် ကြ၏။ သူ တို့အထင် အတိုင်း လည်း ထိုသို့ ဖြစ် ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်း သော ပြည် ကို ဣသရေလ အမျိုးသား တို့အား မကောင်း သော သိတင်းကို ကြားပြော ကြလေ၏။

← တောလည်ရာကျမ်း 12Read In The App, Free →တောလည်ရာကျမ်း 14 →

Study တောလည်ရာကျမ်း 13

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536