The Bible Software
တောလည်ရာကျမ်း · မြန်မာကျမ်းစာ

တောလည်ရာကျမ်း 15

1တဖန် မောရှေ အား ထာဝရဘုရား က၊

2သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့နေရာ ဖြစ်သော ငါ ပေး သော ပြည် သို့ ရောက် ၍ နေကြသောအခါ၊

3သစ္စာ ဂတိရှိ၍ ပူဇော် သော်၎င်း ၊ အလိုလို ပူဇော်သော်၎င်း ၊ ပွဲ သဘင်ခံ၍ ပူဇော်သော်၎င်း ၊ မီးရှို့ ရာယဇ် အစရှိသော အခြားသောယဇ်ကို မီး ဖြင့်ပူဇော်၍၊ သိုး နွား အားဖြင့်ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ကို ပြု ခြင်းငှါ အလိုရှိလျှင်၊

4ထာဝရဘုရား အား ပူဇော်သက္ကာ ကိုပြု သောသူသည်၊ သိုးသငယ် ကိုပူဇော်လျှင်၊ မီးရှို့ရာယဇ် ဖြစ်စေ ၊ အခြားသောယဇ် ဖြစ်စေ၊

5ယဇ်နှင့်တကွ ဘောဇဉ် ပူဇော်သက္ကာကို ဆီ သုံး လောဃရော သောမုန့်ညက် တဩမဲ ကို၎င်း၊ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် သုံး လောဃကို၎င်း၊ ပြင်ဆင် ၍ဆောင် ခဲ့ရမည်။

6သိုး ကိုပူဇော်လျှင်၊ ထာဝရဘုရား အဘို့မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါ၊

7ဘောဇဉ် ပူဇော်သက္ကာဘို့ ဆီ လေး လောဃရော သောမုန့်ညက် နှစ် ဩမဲကိုပြင်ဆင် ၍ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် လေး လောဃကိုပူဇော် ရမည်။

8ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ သစ္စာ ဂတိရှိ၍ ပူဇော်သောယဇ် ၊ မိဿဟာယ ယဇ်ဘို့ နွား ကို ပြင်ဆင် လျှင်၊

9မီး ဖြင့်ပူဇော်၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှါ၊

10နွား နှင့်တကွဘောဇဉ် ပူဇော်သက္ကာဘို့ ဆီ ခြောက် လောဃရော သောမုန့်ညက် သုံး ဩမဲကို၎င်း၊ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက် လောဃကို၎င်းဆောင် ခဲ့ရမည်။

11နွား တ ကောင်၊ သိုး တ ကောင်၊ သိုးသငယ် တကောင်၊ ဆိတ်သငယ် တကောင်ကို ယဇ်ပူဇော်သောအခါထိုသို့ ပြု ရမည်။

12ပြင်ဆင် သော သိုး နွားအရေအတွက် သို့ လိုက်၍၊ တကောင်တကောင် ကို ထိုသို့ ပြု ရမည်။

13ပြည်သား အပေါင်း တို့သည် မီး ဖြင့် ပူဇော် ၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှါ၊ ထိုသို့ နှင့်အညီပြု ရကြမည်။

14သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်စေ ၊ အခြား တပါးသောသူဖြစ်စေ၊ မီး ဖြင့် ပူဇော် ၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါအလိုရှိ လျှင်၊ သင်တို့ပြု သည်နည်းတူ သူသည်လည်း ပြု ရမည်။

15ပရိသတ် အဝင်ဖြစ်သောသူ၊ သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည်၊ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောတပါးတည်းသော ထုံးစံ ရှိ၍၊ ထာဝရဘုရား ရှေ့ တော်၌ သင် တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ် ရမည်။

16သင် တို့ကိုယ်တိုင်မှစ၍ သင် တို့တွင် တည်းခို သော တပါး အမျိုးသားတို့သည် တပါးတည်း သော တရား ၊ တပါးတည်း သော ထုံးစံ ရှိ ရကြမည်ဟု မိန့်တော်မူ၏။

17တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊

18ငါ ပို့ဆောင် သော ပြည် သို့ သင် တို့သည် ရောက် ၍ ၊

19ထိုပြည် ၌ဖြစ်သော မုန့် ကို စား ကြသောအခါ ၊ ထာဝရဘုရား အား ချီမြှောက် ရာ ပူဇော်သက္ကာကို ဆက် ရမည်။

20အဦး နယ်သော မုန့်စိမ်း ဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက် ရာ ပူဇော်သက္ကာပြု၍၊ ကောက်နယ် တလင်း ထဲက ချီမြှောက် ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။

21သင် တို့အမျိုး အစဉ်အဆက်တို့သည်၊ အဦး နယ် သော မုန့်စိမ်း ထဲက ချီမြှောက် ရာ ပူဇော်သက္ကာကိုထာဝရ ဘုရား အား ဆက် ရကြမည်။

22ထာဝရဘုရား သည် မောရှေ ကို မှာထား သော နေ့ မှစ၍ ၊ မောရှေ အားဖြင့် သင် တို့၌ ထား တော်မူသောပညတ်၊

23သင် တို့အမျိုး အစဉ်အဆက်၌ ထားတော်မူလတံ့သောပညတ် အလုံးစုံ တို့ကို သင်တို့သည် မ စောင့် မှားယွင်း ခြင်းသို့ရောက်ကြသည်အမှုမှာ၊

24ပရိသတ် အပေါင်းတို့သည် မသိဘဲ သတိလစ် ၍ မှားယွင်း ခြင်းသို့ရောက် လျှင် ၊ ပရိသတ် အပေါင်း တို့သည် ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါ၊ ထုံးဖွဲ့ သော ထုံးစံရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျို သော နွားထီး ဖြင့် မီးရှို့ ရာယဇ်ကို၎င်း ၊ ဆိတ် ဖြင့် အပြစ် ဖြေရာ ယဇ်ကို၎င်းပူဇော် ရကြမည်။

25ယဇ်ပုရောဟိတ် သည်၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အဘို့ အပြစ် ဖြေခြင်းကို ပြုရသဖြင့် ၊ သူတို့သည် သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူ တို့သည်လည်း သတိလစ် သော အပြစ်ကြောင့် ၊ အပြစ် ဖြေရာယဇ်နှင့်တကွ၊ မီး ဖြင့်ပြုသောပူဇော်သက္ကာ ကို ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရကြမည်။

26ထိုသို့ပြုလျှင် ၊ လူ အပေါင်း တို့သည် ပြစ်မှားသော်လည်း၊ သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း ကို၎င်း ၊ သူ တို့ထံမှာ တည်းခို သော တပါး အမျိုးသားကို၎င်းထိုအပြစ် မှ လွှတ်ရ လိမ့်မည်။

27လူတစုံတယောက် သည် သတိလစ် ၍ ပြစ်မှား လျှင် ၊ အပြစ် ဖြေရာ ယဇ်ဘို့ အခါမလည် သော ဆိတ်မ တကောင်ကိုဆောင် ခဲ့ရမည်။

28ထာဝရဘုရား ရှေ့ တော်၌ သတိလစ် ၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ် သည် အပြစ် ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ် ကို လွှတ်ရလိမ့်မည်။

29ဣသရေလ အမျိုးသား ဖြစ်သောသူ၊ တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည် သတိလစ် ၍ ပြစ်မှား သောအခါ၊ တပါးတည်း သော တရား ကို စောင့် ရကြမည်။

30ဣသရေလ အမျိုးသားဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ ၊ ရဲရင့် စွာပြစ်မှား လျှင် ၊ ထာဝရဘုရား ကို မ ရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထို သူကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။

31ထာဝရဘုရား ၏စကား တော်ကို မထီမဲ့မြင်ပြု ၍ ပညတ် တော်ကို လွန်ကျူး သောကြောင့် ၊ ထိုသူကို ရှင်းရှင်းပယ်ရှား ရမည်။ မိမိ အပြစ် ကို မိမိခံရမည်ဟု မိန့်တော်မူ၏။

32ဣသရေလ အမျိုးသား တို့သည် တော ၌ ရှိ ကြ သောအခါ ၊ တနေ့သောဥပုသ် နေ့ ၌ ထင်းခွေ သောသူ တယောက်ကို တွေ့ လေ၏။

33တွေ့ သောသူတို့သည်၊ ထိုသူ ကို မောရှေ ၊ အာရုန် ၊ ပရိသတ် အပေါင်း တို့ ရှေ့သို့ ခေါ် ခဲ့ကြ၏။

34သူ ၏အမှုကို စီရင် ရာလမ်းမ ထင်ရှား သေးသောကြောင့် ချုပ် ထားကြ၏။

35ထာဝရဘုရား ကလည်း ၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်း တို့သည် တပ် ပြင် မှာ သူ့ ကို ကျောက်ခဲ နှင့် ပစ် ရကြမည်ဟု မောရှေ အား မိန့် တော်မူ၍ ၊

36ထိုအမိန့် တော်အတိုင်း ပရိသတ် အပေါင်း တို့ သည် ထိုသူကို တပ် ပြင် သို့ ဆောင် သွား၍ ၊ ကျောက်ခဲ နှင့် ပစ် ကြသဖြင့် သူသည် အသေ ခံရ၏။

37တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊

38သူ တို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ် စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွား တို့ကို လုပ် ၍ ၊ ပြာ သော ကြိုး နှင့် ချည် တွဲရကြမည်။

39ထိုပန်းပွား တို့ကို သင်တို့သည် ကြည့် မြင်သောအခါ ၊ ထာဝရဘုရား ပညတ် တော်မူသမျှ တို့ကို အောက်မေ့ ၍ ကျင့် ကြမည်အကြောင်း၊ အထက်က ကိုယ် အလို သို့ လိုက်လျက်၊ ကိုယ် ဉာဏ် ကို မှီဝဲလျက် မှားယွင်း သကဲ့သို့မ လိုက် မမှီဝဲ၊

40ငါ ပညတ် သမျှ တို့ကို အောက်မေ့ ၍ ကျင့် သဖြင့် ၊ သင် တို့ဘုရားသခင် အဘို့ သန့်ရှင်း မည်အကြောင်းထိုသို့ ပြု ရမည်။

41ငါသည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ခဲ့သော သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။

← တောလည်ရာကျမ်း 14Read In The App, Free →တောလည်ရာကျမ်း 16 →

Study တောလည်ရာကျမ်း 15

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536