တောလည်ရာကျမ်း 17:3
လေဝိ အမျိုး၏လှံတံ ပေါ်မှာ အာရုန် အမည် ကို ရေး ထားလော့။ ဘိုး ဘအဆွေအမျိုး သူကြီး တဦးလျှင် လှံတံ တ ချောင်းစီရှိရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 6:16လေဝိ သား အဆွေအမျိုး အလိုက်ဟူမူကား ၊ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ တည်း။ လေဝိ အသက် သည် အနှစ် တရာ သုံးဆယ် ခုနစ် နှစ် ရှိသတည်း။
Numbers 3:2အာရုန် ၏သား ဟူမူကား၊ သားဦး နာဒပ် ၊ ညီအဘိဟု ၊ ဧလာဇာ ၊ ဣသမာ တည်း။
Numbers 18:7ထိုကြောင့် သင် နှင့် သင် ၏သား တို့သည်၊ ယဇ်ပလ္လင် နှင့်ဆိုင်သောအမှု ၊ ကုလားကာ အတွင်း ၌ ဆောင်ရွက် စရာအမှုရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက် ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေး ပြီ။ မ ဆိုင်သောသူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။
Jeremiah 42:20အကယ်စင်စစ်သင်တို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား အား အကျွန်ုပ် တို့အဘို့ ဆုတောင်း ပါလော့။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို ကြား ပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင် ပါမည် ဟုဆို ၍၊ ငါ့ ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံတော်သို့ စေလွှတ် သောအခါ ၊ ကိုယ် စိတ် ကို ကိုယ် လှည့်စား ကြပြီ။