The Bible Software
တောလည်ရာကျမ်း · မြန်မာကျမ်းစာ

တောလည်ရာကျမ်း 17

1တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊

2သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ပြီးမှ ၊ ဘိုး ဘအဆွေအမျိုး အလိုက် ဣသရေလဆယ်နှစ် မျိုး၌ မင်း ပြုသောသူအသီးအသီး ပေးရသောလှံတံ ဆယ် နှစ် ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည် ကို သူ့ လှံတံ ပေါ်မှာ ရေး ထားလော့။

3လေဝိ အမျိုး၏လှံတံ ပေါ်မှာ အာရုန် အမည် ကို ရေး ထားလော့။ ဘိုး ဘအဆွေအမျိုး သူကြီး တဦးလျှင် လှံတံ တ ချောင်းစီရှိရမည်။

4ထိုလှံတံတို့ကို ငါဗျာဒိတ် ပေးရာအရပ် ၊ ပရိသတ် စည်းဝေး ရာ တဲ တော်အတွင်း ၊ သက်သေခံ ချက်ရှေ့မှာ တင် ထားလော့။

5ငါရွေးကောက် သောသူ ၏ လှံတံ သည် အပွင့် ပွင့် လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလ အမျိုးသား တို့သည် သင် ၌ အပြစ်တင် ၍ မြည်တမ်းခြင်းကို နောက်တဖန်ငါနား မငြီးရာဟု မိန့် တော်မူသည်အတိုင်း၊

6မောရှေ သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ၍ ၊ မင်း အပေါင်း တို့သည် ဘိုးဘ အဆွေအမျိုး အလိုက်၊ မင်း တ ဦးလျှင် လှံတံ တချောင်းစီ လှံတံ ဆယ် နှစ် ချောင်းတို့ကိုပေး ကြ၏။ အာရုန် ၏လှံတံ သည် လှံတံ များ ၌ ပါသတည်း။

7မောရှေ သည် ထိုလှံတံ တို့ကို သက်သေခံ ချက် တဲ တော်အတွင်း ၊ ထာဝရဘုရား ရှေ့ တော်၌ တင် ထား လေ၏။

8နက်ဖြန် နေ့၌ သက်သေခံ ချက်တဲ တော်အတွင်း သို့ မောရှေ ဝင် သောအခါ ၊ လေဝိ အမျိုးနှင့်ဆိုင်သော အာရုန် ၏လှံတံ သည် အရွက်ထွက် လျက်၊ ငုံ လျက်၊ ပွင့် လျက်၊ ဗာတံ သီးကို သီး လျက်ရှိ၏။

9မောရှေ သည် လှံတံ ရှိသမျှ တို့ကို ထာဝရဘုရား ထံ တော်က ဣသရေလ အမျိုးသား တို့ ရှေ့သို့ ထုတ်ဆောင် သဖြင့် ၊ သူတို့သည် ကြည့်ရှု ၍ ၊ လူ တိုင်း မိမိ လှံတံ ကို ယူ ပြန် လေ၏။

10ထာဝရဘုရား ကလည်း ၊ ပုန်ကန် သောသူတို့ တဘက်၌ သက်သေ ဖြစ်စေခြင်းငှါ၊ အာရုန် ၏ လှံတံ ကို သက်သေခံ ချက်ရှေ့၌ ပြန် ထား၍ အမြဲရှိ စေလော့။ ထိုသို့ သူတို့သည် သေ ဘေးနှင့် လွတ် မည်အကြောင်း ၊ သူ တို့ အပြစ်တင် ၍ မြည်တမ်းခြင်းကို ငါနား မငြီးရာဟု၊

11မောရှေ အား မှာထား တော်မူသည်အတိုင်း ၊ မောရှေ သည် ပြု လေ၏။

12ဣသရေလ အမျိုးသား တို့ကလည်း ၊ အကျွန်ုပ်တို့ သည် သေကြေ ပျက်စီး ကြပါ၏။ တယောက် မျှမကြွင်း ပျက်စီး ရကြပါ၏။

13ထာဝရဘုရား ၏ တဲ တော်ကို ချဉ်းကပ် သောသူ တိုင်း သေ ပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေ ဘေးသင့်၍ ဆုံးရှုံး ခြင်းသို့ ရောက်ရကြပါဦးမည်လော ဟု မောရှေ အား လျှောက်ဆို ကြ၏။

← တောလည်ရာကျမ်း 16Read In The App, Free →တောလည်ရာကျမ်း 18 →

Study တောလည်ရာကျမ်း 17

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536