တောလည်ရာကျမ်း 22:5
အမ္မုန်ပြည်၌ စီးသောမြစ် ၏အနား မှာရှိသော ပေသော် မြို့နေ ဗောရ သား ဗာလမ် ကို ခေါ်ပင့် ခြင်းငှါ ၊ သံတမန် တို့ကို စေလွှတ် ၍၊ အဲဂုတ္တု ပြည်မှ ရောက်လာ သော လူ တမျိုးသည် မြေ မျက်နှာ ကို ဖုံးလွှမ်း လျက် ငါ့ အနား ၌ နေရာ ချကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 13:16သင် ၏အမျိုး အနွယ်ကို မြေ မှုန့် ကဲ့သို့ ငါများပြားစေမည်။ သို့ဖြစ်၍ လူ သည်မြေ မှုန့် ကို ရေတွက် နိုင် လျှင် ၊ သင် ၏ အမျိုး အနွယ်ကို ရေတွက် နိုင်ကြလိမ့်မည်။
Exodus 10:15မြေ မည်း သည်တိုင်အောင်မြေ တပြင်လုံး ကို ဖုံးအုပ် ၍ တပြည် လုံးတွင် မြက်ပင် ရှိသမျှ မိုဃ်းသီး နှင့် လွတ် သောသစ်သီး ရှိသမျှ ကို စား ကြသဖြင့် ၊ အဲဂုတ္တု ပြည် တရှောက်လုံး တွင် သစ်ပင် မြက်ပင် တို့၌ စိမ်း သောအရာ တစုံတခုမျှ မ ကျန်ရစ်။
Numbers 31:8အသေ သတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ ၊ ရေကင် ၊ ဇုရ ၊ ဟုရ ၊ ရေဘ တည်းဟူသောမိဒျန် မင်းကြီး ငါး ပါးပါကြ၏။ ဗောရ သား ဗာလမ် ကိုလည်း ထား နှင့် သတ် ကြ၏။
Deuteronomy 23:5သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဗာလမ် စကားကို နား မ ထောင်။ သင့် ကိုချစ် သောကြောင့် ကျိန်ဆဲ ခြင်းကို သင် ၌ ကောင်းကြီး မင်္ဂလာ ဖြစ် စေတော်မူ၏။
Joshua 24:9မောဘ ရှင်ဘုရင် ဇိဖေါ် ၏သား ဗာလက် သည် ထ ၍ ဣသရေလ အမျိုးကို စစ်တိုက် သဖြင့် ၊ သင် တို့ကို ကျိန်ဆဲ စေခြင်းငှါ ၊ ဗောရ ၏သား ဗာလမ် ကို ခေါ် သောအခါ၊
Nehemiah 13:2အကြောင်း မူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမ ကြိုဆို ၊ ကျိန်ဆဲ စေ ခြင်းငှါ ဗာလံ ကိုငှါး ကြ၏။ သို့ရာတွင် ငါ တို့၏ ဘုရား သခင် သည် ကျိန်ဆဲ သော စကားကို ကောင်းကြီး ပေး သော စကားဖြစ်စေတော်မူ၏။