တောလည်ရာကျမ်း 24:18
ဧဒုံ ပြည်ကိုလည်း သိမ်းယူ လိမ့်မည်။ စိရ တောင် သည်လည်း ရန်သူ လက် သို့ ရောက်လိမ့်မည်။ ဣသရေလ အမျိုးသည် ရဲရင့် စွာ ပြု လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 27:29သူ တပါးတို့သည် သင် ၌ကျွန် ခံ၍ ၊ အပြည်ပြည်တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ကြရစေသတည်း။ သင်သည် သင် ၏ညီအစ်ကို တို့၌ အရှင် ဖြစ်၍ ၊ သင့် အမိ သား တို့သည် သင့် ရှေ့ မှာ ဦးညွှတ် ရကြစေသတည်း။ သင့် ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိန်ဆဲ ခြင်းကိုခံရကြစေ သတည်း။ သင့် ကို ကောင်းကြီး ပေးသောသူအပေါင်းတို့ သည် ကောင်းကြီး ကိုခံရကြစေသတည်းဟု ကောင်းကြီးပေးလေ၏။
Genesis 32:3ထိုအခါ ယာကုပ် သည်၊ အစ်ကို ဧသော နေရာ ဧဒုံ ပြည် တည်းဟူသောစိရ ပြည် သို့ ၊ တမန် တို့ကို မိမိ ရှေ့ မှာ စေလွှတ် ၍ မှာလိုက်သည်ကား၊
1 Kings 11:14ထိုနောက် ထာဝရဘုရား သည် ရှောလမုန် ၌ ရန်ဘက် ပြုသောသူ ဧဒုံ အမျိုးသားဟာဒဒ် ကို နှိုးဆော် တော်မူ၏။ ထိုသူ သည် ဧဒုံ ရှင်ဘုရင် အမျိုး ဖြစ်၏။
Psalms 60:1အိုဘုရားသခင် ၊ ကိုယ်တော်သည် အမျက် ထွက်သဖြင့်၊ အကျွန်ုပ် တို့ကို စွန့်ပစ် ၍ အရပ်ရပ်သို့ ကွဲပြား စေတော်မူပြီ။ တဖန် အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။
Isaiah 34:5အကြောင်း မူကား၊ ငါ့ ထား သည် မိုဃ်းကောင်းကင် ၌ ရောင့်ရဲ ပြီးမှ၊ တဖန် ဧဒုံ ပြည် အပေါ်မှာ၎င်း၊ ငါ ကျိန် သောလူ များတို့အပေါ် မှာ၎င်း၊ ဒဏ် ပေးခြင်းငှါရောက်လိမ့်မည်။
Amos 9:12ပြိုပျက်ရာ များကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကိုရှေး ကာလ ၌ရှိသကဲ့သို့ မတ်စေ ပြန်မည်ဟု၊ ဤ အမှုအရာကိုစီရင် တော်မူသောထာဝရဘုရား ၏ဗျာဒိတ် တော်ရှိ၏။