တောလည်ရာကျမ်း 28:11
လဆန်း တရက်နေ့၌ ၊ အသက်ပျို သော နွားထီး နှစ် ကောင်၊ သိုးထီး တ ကောင်၊ အခါမလည် ၊ အပြစ် မပါသော သိုးသငယ်ခုနစ် ကောင်တို့ကို၊ ထာဝရဘုရား အား မီးရှို့ ရာယဇ်ပြု၍ ပူဇော် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
12နွား တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် သုံး ဩမဲ၊ သိုး တ ကောင်အဘို့၊ ဆီ ရော သော မုန့်ညက် နှစ် ဩမဲ၊
Cross References
Leviticus 1:3နွား ကို မီးရှို့ ရာယဇ် ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး အနားမှာ ဆက် ရမည်။
Numbers 15:3သစ္စာ ဂတိရှိ၍ ပူဇော် သော်၎င်း ၊ အလိုလို ပူဇော်သော်၎င်း ၊ ပွဲ သဘင်ခံ၍ ပူဇော်သော်၎င်း ၊ မီးရှို့ ရာယဇ် အစရှိသော အခြားသောယဇ်ကို မီး ဖြင့်ပူဇော်၍၊ သိုး နွား အားဖြင့်ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ကို ပြု ခြင်းငှါ အလိုရှိလျှင်၊
1 Samuel 20:5ဒါဝိဒ် က၊ နက်ဖြန် နေ့သည် လဆန်း နေ့ဖြစ်၍ ၊ ကျွန်ုပ် သည် ရှင်ဘုရင် နှင့်အတူ စားပွဲ တော်နားမှာ မထိုင် ဘဲ မနေသင့်။ သို့သော်လည်း ကျွန်ုပ် သွား ၍ သုံး ရက်နေ့ ညဦး တိုင်အောင် တော ၌ ပုန်းရှောင် လျက် နေပါရစေ။
1 Chronicles 23:31ပညတ်တရားတော်အတိုင်းဥပုသ် နေ့၊ လဆန်း နေ့၊ ဓမ္မ ပွဲနေ့၊ အစဉ်မပြတ် ထာဝရဘုရား ရှေ့ တော်၌ မီးရှို့ ရာ ယဇ်မျိုး တို့ကို ပူဇော် ရကြမည်။
2 Chronicles 2:4ဣသရေလ အမျိုးသည် အစဉ် ကျင့်ရသောတရားအတိုင်း ဘုရားရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ခြင်းငှါ၎င်း၊ ရှေ့ တော်မုန့်ကို အစဉ် တင်ခြင်းငှါ၎င်း၊ ညဦး ၊ နံနက် ၊ ဥပုသ်နေ့ ၊ လဆန်း နေ့၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ဓမ္မပွဲ နေ့တို့၌ မီးရှို့ ရာယဇ်ကိုပူဇော် ခြင်းငှါ ၎င်း၊ ငါ ၏ ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်အဘို့ အိမ် တော် ကို တည်ဆောက် ၍ ပူဇော် ရမည်။
Nehemiah 10:33ထို မှတပါး၊ ငါ တို့ဘုရား သခင်၏ အိမ် တော်အမှု တည်းဟူသောဥပုသ် နေ့နှင့် လဆန်း နေ့တွင် ရှေ့တော် မုန့် ၊ မြဲ သောဘောဇဉ်ပူဇော်သက္ကာ ၊ မြဲ သောမီးရှို့ရာယဇ် ၊ ဓမ္မပွဲ ၊ သန့်ရှင်း သောအသုံးအဆောင်၊ ဣသရေလ အမျိုး၏အပြစ်ဖြေရာယဇ် အစရှိသော ငါ တို့၏ဘုရားသခင် အိမ် တော်အမှု အလုံးစုံ ကိုဆောင်ရွက်စရာဘို့၊ လူတိုင်းတနှစ် လျှင်ငွေတကျပ် သုံး စုတစုစီပေး ရမည်အကြောင်းကိုယ် အဘို့စီရင်ထုံးဖွဲ့ ကြ၏။