The Bible Software
တောလည်ရာကျမ်း · မြန်မာကျမ်းစာ

တောလည်ရာကျမ်း 5

1တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊

2ငါ နေ သော တပ် ကို မ ညစ်ညူး စေခြင်းငှါ၊ ဣသရေလ အမျိုးသား တို့သည်၊ နူ သောသူ၊ ရိနာစွဲ သောသူ၊ အသေကောင် ထိ၍ မစင်ကြယ် သောသူယောက်ျား မိန်းမ အပေါင်း တို့ကို၊ တပ် ပြင် မှာ နေရာ ချထားရမည်အကြောင်း ဆင့်ဆို လော့ဟု၊

3

4မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။

5တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊

6လူ ပြုတတ်သော ဒုစရိုက် ကိုပြု ၍၊ ထာဝရဘုရား ကို ပြစ်မှား သဖြင့် အပြစ် ရောက်သော ယောက်ျား မိန်းမ သည်၊

7ထို အပြစ် ကို ဘော်ပြ ၍ တောင်းပန်ရမည်။ ပြစ်မှား သောအတွက်၊ ငါးစုတစု ကိုထပ်၍ ပြစ်မှား ခံသောသူ အား ပေး ရမည်။

8ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသား ချင်းမ ရှိလျှင် ၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရား အား ပူဇော် ရမည်။ ထိုမှတပါး၊ အပြစ် ဖြေစေခြင်းငှါ၊ အပြစ် ဖြေရာယဇ်ဘို့၊ သိုး တကောင်ကို ပူဇော်ရမည်။

9ယဇ်ပုရောဟိတ် အား ဣသရေလ အမျိုးသား ပူဇော်၍ သန့်ရှင်း သောအရာရှိသမျှ တို့သည်၊ ယဇ်ပုရောဟိတ် ၏ဥစ္စာ ဖြစ် ရမည်။

10လူ တိုင်းသန့်ရှင်း စေ၍ ယဇ်ပုရောဟိတ် အား လှူ သမျှတို့သည်လည်း၊ ယဇ်ပုရောဟိတ် ၏ ဥစ္စာဖြစ် ရမည်ဟု မိန့် တော်မူ၏။

11တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊

12လင်ရှိသောမိန်းမ သည် အခြားတပါးသော ယောက်ျား နှင့် မှားယွင်း ၍ လင် ကို ပြစ်မှား လျှင် ၎င်း ၊ မှားယွင်း စဉ်တွင်သူတပါးမ တွေ့ မိ၊ သက်သေ မ ရှိ၊ သီလပျက် သော်လည်း ၊ ထိုအမှုကိုဝှက် ထား၍ လင် မသိ လျှင်၎င်း၊

13

14သီလ ပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ လင်သည် မယား ကိုမ ယုံလျှင် ၎င်း၊

15ထိုမိန်းမ ပြုရသော ပူဇော်သက္ကာ ဘို့မုယော မုန့်တဩမဲ ပါလျက်၊ သူ့ကိုယဇ်ပုရောဟိတ် ထံသို့ ခေါ် သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီ ကိုမ လောင်း ရ။ လောဗန် ကိုမ တင် ရ။ မယားကိုမ ယုံခြင်းပူဇော်သက္ကာ ၊ အပြစ် ကိုဖေါ် တင်ရာပူဇော်သက္ကာ ဖြစ်၏။

16ယဇ်ပုရောဟိတ် သည်၊ ထိုပူဇော်သက္ကာကို ယူ ၍ ထာဝရဘုရား ရှေ့ တော်၌ ထား ရမည်။

17ယဇ်ပုရောဟိတ် သည် သန့်ရှင်း သော ရေ ကို မြေ အိုး ၌ လောင်း ပြီးလျှင် ၊ တဲ တော်၌ရှိသောမြေမှုန့် ကို ယူ ၍ ရေ ထဲမှာ ထည့် ရမည်။

18ထိုမိန်းမ ကို ထာဝရဘုရား ရှေ့ တော်မှာထား ပြီးလျှင် ၊ ခေါင်း ၌ အချည်းစည်း ရှိစေ၍၊ မယားကိုမ ယုံခြင်းပူဇော်သက္ကာ တည်းဟူသော သတိပေး ရာပူဇော်သက္ကာကို မိန်းမ လက် ၌ ထည့် ရမည်။ ကျိန် ခြင်းဘေးကိုဖြစ်စေသော ရေ ခါး ကို၊ ယဇ်ပုရောဟိတ် ကိုယ်တိုင်ကိုင် ရမည်။

19ထိုအခါ ယဇ်ပုရောဟိတ် သည်၊ ထိုမိန်းမ ကို အကျိန် တိုက်လျက်၊ သင်သည် ကိုယ် ခင်ပွန်း မှတပါး အခြားသောယောက်ျား နှင့် မှားယွင်း ခြင်း၊ ညစ်ညူး ခြင်းမ ရှိလျှင် ၊ ကျိန် ခြင်းဘေးကိုဖြစ်စေသော၊ ဤရေ ခါး နှင့် ကင်းလွတ် စေသတည်း။

20ကိုယ် ခင်ပွန်း မှတပါး အခြားသော ယောက်ျား နှင့် မှားယွင်း ၍ ညစ်ညူး ခြင်းရှိလျှင် ၊

21ထာဝရဘုရား သည်၊ သင် ၏ပေါင် ကို ပိန် စေ၍ ဝမ်း ကိုလည်း ရောင် စေသဖြင့်၊ သင့် ကိုကျိန် အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူ များကျိန်ဆို ခြင်းကို ခံရသောသူဖြစ် စေခြင်းငှါစီရင်တော်မူစေသတည်း။

22ကျိန် ခြင်းဘေး ဖြစ်စေသော ဤ ရေ သည်သင် ၏ ဝမ်း ထဲသို့ ဝင် ၍ ဝမ်း ရောင် ခြင်း၊ ပေါင် ပိန် ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ် သည် ကျိန် ခြင်းအကျိန် တိုက် လျှင် ၊ မိန်းမ က၊ အာမင် ၊ အာမင် ဟု ဝန်ခံ ရမည်။

23ယဇ်ပုရောဟိတ် သည်လည်း၊ ထို အကျိန် တို့ကို ရေးမှတ် ၍ ၊ တဖန် ရေ ခါး နှင့်ချေ ပြီးမှ ၊

24ကျိန် ခြင်းဘေးဖြစ်စေသောရေ ခါး ကို မိန်းမ အား တိုက် ရမည်။ ထိုရေ သည် မိန်းမ ထဲသို့ ဝင် ၍ ခါး လိမ့်မည်။

25ထိုအခါ ယဇ်ပုရောဟိတ် သည်၊ မယားကို မ ယုံ ခြင်းပူဇော်သက္ကာကို မိန်းမ လက် မှ ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီ လွှဲလျက် ယဇ်ပလ္လင် ပေါ်မှာ ဆက် ပြီးလျှင်၊

26မုန့်ညက်တလက်ဆွန်း တည်းဟူသောပူဇော်သက္ကာ အတွက်အတာ ကို ယဇ်ပလ္လင် ပေါ်မှာ မီး ရှို့၍ ၊ ထိုနောက် အကျိန်ရေ ကို မိန်းမ သောက် စေရမည်။

27ထိုမိန်းမသည် လင် ကိုပြစ်မှား ၍ ညစ်ညူး ခြင်း ရှိလျှင် ၊ ကျိန်ခြင်းဘေးဖြစ်စေသော ရေ ကိုသောက် ပြီးမှ ၊ သူ့ အထဲ၌ ရေ ဝင် ၍ ခါး သဖြင့် ၊ ဝမ်း ရောင် ခြင်း၊ ပေါင် ပိန် ခြင်းသို့ရောက်၍ ထိုမိန်းမ သည် မိမိ အမျိုး ၌ ကျိန် အပ် သောသူဖြစ် လိမ့်မည်။

28သို့မဟုတ် ထိုမိန်းမ သည် မ ညစ်ညူး ၊ စင်ကြယ် ခြင်းရှိလျှင် ၊ ဘေးနှင့်လွတ် ၍ ပဋိသန္ဓေ ယူသော အခွင့် ရှိလိမ့်မည်။

29ဤရွေ့ကား ၊ မိန်းမ သည် ကိုယ် ခင်ပွန်း မှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း ၍ ညစ်ညူး ခြင်း ရှိသော်၎င်း၊

30ယောက်ျား သည် မယားကို မ ယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသောတရား ပေတည်း။ ယောက်ျားသည် မယား ကိုမ ယုံ၊ ထာဝရဘုရား ရှေ့ တော်၌ ထား သောအခါ ၊ ယဇ်ပုရောဟိတ် သည် ဤ တရား အတိုင်း စီရင် သဖြင့်၊

31ယောက်ျား သည် အပြစ် နှင့် ကင်းလွတ် ၍ မိန်းမ သည် မိမိ အပြစ် ကိုခံရ မည်ဟု မိန့်တော်မူ၏။

← တောလည်ရာကျမ်း 4Read In The App, Free →တောလည်ရာကျမ်း 6 →

Study တောလည်ရာကျမ်း 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536