တောလည်ရာကျမ်း 6:15
ဆီ ရော သောမုန့်ညက် နှင့်လုပ်သော မုန့်ပြား ၊ ဆီ လူး သော တဆေးမဲ့ မုန့်ကြွပ် တည်းဟူသောတဆေးမဲ့ မုန့်တတောင်း ၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို ထာဝရဘုရား အား ဆက် ရမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 29:2တဆေး မပါသော ဂျုံမုန့် ၊ တဆေး မပါဘဲ ဆီ နှင့် လုပ် သော ဂျုံမုန့်ပြား ၊ တဆေး မပါဘဲ ဆီ နှင့် လူး သော ဂျုံမုန့်ကြွပ် တို့ကို၎င်းယူ ရမည်။
Leviticus 7:12ကျေးဇူး တော်ဝန်ခံဘို့ ရာပူဇော် လျှင် ၊ ကျေးဇူး တော် ဝန်ခံရာယဇ်နှင့်တကွ ဆီ ရော သော တဆေး မဲ့ မုန့်ပြား ၊ ဆီ နှင့် လုပ် သော တဆေး မဲ့မုန့်ကြွပ် ၊ ဆီ ရော သော မုန့်ညက် နှင့် လုပ်၍ ကြော် သော မုန့်ပြား တို့ကို ပူဇော် ရမည်။
Leviticus 9:4ထာဝရဘုရား ရှေ့ တော်၌ ပူဇော် သော မိဿဟာယ ယဇ်ဘို့ နွား ထီးတကောင်၊ သိုး ထီးတကောင်၊ ဆီ နှင့် ရော သော ဘောဇဉ်ပူဇော်သက္ကာ ကို ယူ ကြလော့။ ယနေ့ ထာဝရဘုရား သည် သင် တို့အား ထင်ရှား တော်မူမည်ကို ပြော လော့ဟု ဆို လေ၏။
Numbers 15:3သစ္စာ ဂတိရှိ၍ ပူဇော် သော်၎င်း ၊ အလိုလို ပူဇော်သော်၎င်း ၊ ပွဲ သဘင်ခံ၍ ပူဇော်သော်၎င်း ၊ မီးရှို့ ရာယဇ် အစရှိသော အခြားသောယဇ်ကို မီး ဖြင့်ပူဇော်၍၊ သိုး နွား အားဖြင့်ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ကို ပြု ခြင်းငှါ အလိုရှိလျှင်၊
Numbers 15:10နွား နှင့်တကွဘောဇဉ် ပူဇော်သက္ကာဘို့ ဆီ ခြောက် လောဃရော သောမုန့်ညက် သုံး ဩမဲကို၎င်း၊ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက် လောဃကို၎င်းဆောင် ခဲ့ရမည်။
Joel 1:9ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာသည် ထာဝရဘုရား ၏အိမ် တော်၌ ပြတ် ၏။ ထာဝရဘုရား ၏အမှု တော်စောင့် ယဇ် ပုရောဟိတ်တို့ သည် ငိုကြွေး မြည်တမ်းကြ၏။