Proverbs 1:12
သင်္ချိုင်းတွင်း သို့ဆင်း သောသူတို့ ကဲ့သို့ တကိုယ်လုံး ပါ လျက်၊ အသက်ရှင် လျက်ရှိသောထိုသူ တို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျို ကြစို့။
မြန်မာကျမ်းစာ
In The King James Version
Let us swallow them up alive as the grave; and whole, as those that go down into the pit:
In Context
13အဘိုး ထိုက်သော ဘဏ္ဍာ အမျိုးမျိုး ကိုတွေ့ ၍ လုယူသောဥစ္စာ နှင့် ငါ တို့အိမ် ကိုပြည့် စေကြမည်။
Cross References
Numbers 26:10မြေကြီး သည် မိမိ ခံတွင်း ကိုဖွင့် ၍ သူ တို့ကို၎င်း ၊ ကောရ ကို၎င်း မျို သဖြင့် ၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေ ကြ၏။ မီး သည် လည်း လူနှစ်ရာ ငါးဆယ် တို့ကို အသက် ဆုံးစေ၏။ ထိုသူတို့သည် သတိပေး သော သက်သေဖြစ် သတည်း။
Psalms 28:1အကျွန်ုပ် ၏ ကျောက် ဖြစ်တော်မူသောထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ မ ထူးဘဲ နေတော်မ မူပါနှင့်။ မ ထူးဘဲနေတော်မူလျှင် ၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်း ထဲသို့ ဆင်း သောသူ ကဲ့သို့ ဖြစ်ရပါမည်။
Psalms 56:1အိုဘုရား သခင်၊ အကျွန်ုပ် ကို သနား တော်မူပါ။ လူ တို့သည် ကိုက်စား အံ့ သော ဒေါသနှင့်နေ့တိုင်း တိုက် ၍ အကျွန်ုပ် ကို နှိပ်စက် ကြပါ ၏။
Psalms 124:3အမျက် ထွက် ၍ ငါ တို့ကို အသက် နှင့်တကွ မျို ကြပြီတကား။
Jeremiah 51:34ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ငါ တို့ကို ကိုက်စား ၍ နှိပ်စက် ပါပြီ။ ငါ တို့ကို ဟင်းလင်း သောအိုး ဖြစ် စေပါပြီ။ နဂါး မျိုတတ်သကဲ့သို့ ငါ တို့ကို မျို ၍၊ ငါ တို့ ပျော်မွေ့ စရာအရာ တို့နှင့် မိမိ ဝမ်း ကို ပြည့် စေ ပါပြီ။ ငါ တို့ကို နှင်ထုတ် ပါပြီ။
Lamentations 2:16သင် ၏ရန်သူ အပေါင်း တို့သည် သင့် တဘက် ၌ နှုတ် ကို ဖွင့် ကြ၏။ ငါတို့သည် သူ့ ကိုမျို ပြီ။ အကယ် စင်စစ်ဤ သည်နေ့ ကား ၊ ငါတို့မြော်လင့် ခဲ့ ပြီးသောနေ့ဖြစ်၏။ ငါတို့တွေ့မြင် ရပြီဟု ကဲ့ရဲ့ သံကိုပြုလျက် ၊ အံသွား ကို ခဲကြိတ် လျက် ဆို ကြ၏။