The Bible Software
Proverbs · မြန်မာကျမ်းစာ

Proverbs 10

1ရှောလမုန် မင်း၏ သုတ္တံ စကားဟူမူကား၊ ပညာ ရှိ သောသား သည် အဘ ဝမ်းမြောက် ခြင်းအကြောင်း၊ မိုက် သောသား မူကား ၊ အမိ ဝမ်းနည်း ခြင်းအကြောင်းကို ဖြစ်စေတတ်၏။

2မ တရားသောဥစ္စာဘဏ္ဍာ သည် အကျိုး မ ရှိ။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ် ၏။

3ဖြောင့်မတ် သော သူကိုငတ် ၍ သေစေခြင်းငှါ၊ ထာဝရဘုရား သည် အခွင့်ပေးတော်မ မူ။ မ တရားသောသူတို့ ၏ အဓမ္မ အမှုကိုကား ဖျက်ဆီး တော်မူ၏။

4ပျင်းရိ သောသူသည် ဆင်းရဲ ခြင်း၊ လုံ့လ ဝိရိယ ရှိသောသူသည် ကြွယ်ဝ ခြင်းသို့ ရောက်တတ်၏။

5အသီး သီးသောအချိန်၌ သိမ်းယူ သောသူသည် ပညာ ရှိသောသား ဖြစ်၏။ စပါး ရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက် ခွဲတတ်သောသား ဖြစ်၏။

6တရား သောသူ၏ခေါင်း ပေါ် မှာ မင်္ဂလာ သက်ရောက် တတ်၏။ မ တရားသောသူ၏နှုတ် ကိုကား ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။

7တရား သောသူကို အောက်မေ့ သောအခါ ကောင်းကြီး ပေးတတ်၏။ မ တရားသောသူ၏နာမ မူကား ပုပ်ပျက် တတ်၏။

8လိမ္မာ သောသူသည် ပညတ် တရားကိုခံ တတ်၏။

9ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောသူသည် အနင်း မှန် လိမ့်မည်။ ကောက် သောလမ်း သို့လိုက်သော သူမူကား ၊ သဘော ထင်ရှားလိမ့်မည်။

10မျက်စိ မှိတ် သောသူသည် စိတ် ကိုပူစေတတ်၏။ စကား များသော လူမိုက် မူကား ဆုံးရှုံး တတ်၏။

11ဖြောင့်မတ် သောသူ၏နှုတ် သည် အသက် ရေတွင်း ဖြစ်၏။ မ တရားသောသူ၏ နှုတ် ကိုကား ၊ ညှဉ်းဆဲ ခြင်း အပြစ်သည် ပိတ် လိမ့်မည်။

12မုန်း သောစိတ်သည် ရန်တွေ့ ရာသို့ တိုက်တွန်း တတ်၏။ ချစ် သောစိတ် မူကား ၊ ခပ်သိမ်း သော အပြစ် တို့ကို ဖုံးအုပ် တတ်၏။

13ဉာဏ် ကောင်းသောသူသည် ပညာ စကား ကို ပြော တတ်၏။ ဉာဏ် မဲ့ သောသူ၏ကျော အဘို့ မူကား ကြိမ်လုံး ရှိ၏။

14ပညာရှိ သောသူတို့သည် ကြားသိ သောအရာကို သိမ်း ထားတတ်၏။ မိုက် သောသူ၏နှုတ် မူကား ၊ အကျိုးနည်း ခြင်းနှင့်နီးစပ် ၏။

15ငွေ ရတတ်သောသူ၏ စည်းစိမ် သည် သူ ၏ခိုင်ခံ့ သောမြို့ ဖြစ်၏။ ဆင်းရဲသား တို့၏ဆင်းရဲ ခြင်းမူကား၊ သူ တို့၏ အကျိုးနည်း ကြောင်းဖြစ်၏။

16ဖြောင့်မတ် သောသူ၏အလုပ် အကိုင်သည် အသက် နှင့်၎င်း၊ မ တရားသောသူ၏ အကျိုး စီးပွါးသည် အပြစ် နှင့်၎င်း ယှဉ်၏။

17နည်း ဥပဒေသကို စောင့်ရှောက် သောသူသည် အသက် လမ်း သို့ လိုက်တတ်၏။ ဆုံးမ ခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲ တတ်၏။

18အငြိုး ဖွဲ့သောသဘောကို မုသာ နှုတ်ခမ်း ဖြင့် ဖုံး ထားသောသူ၊ သူ့အသရေ ပျက်အောင် ပြောတတ်သောသူ သည် မိုက် သောသဘောရှိ၏။

19စကား များ သောအားဖြင့် အပြစ် ပါ တတ်၏။ မိမိ နှုတ် ကို ချုပ်တည်း သော သူမူကား ပညာ ရှိ၏။

20ဖြောင့်မတ် သောသူ၏လျှာ သည် ငွေစင် နှင့် တူ ၏။ ဆိုး သောသူ ၏ နှလုံး မူကား အဘိုး မထိုက်။

21ဖြောင့်မတ် သောသူ ၏နှုတ်ခမ်း တို့သည် လူအများ ကို ကျွေး တတ်၏။ မိုက် သောသူတို့မူကား ၊ ဉာဏ် မ ရှိသောကြောင့် သေ ကြလိမ့်မည်။

22ထာဝရဘုရား ၏ ကောင်းကြီး မင်္ဂလာသည် စည်းစိမ် ကိုဖြစ်စေတတ်၏။ ထို စည်းစိမ်နှင့် လည်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ရောနှော တော်မ မူ။

23မိုက် သောသူသည် အပြစ် ပြု ရာ၌ ပျော်မွေ့ တတ်၏။ ဉာဏ် ကောင်းသောသူ မူကား ဆင်ခြင် တတ်၏။

24မ တရားသောသူကြောက် တတ်သော အမှုသည် သူ့ အပေါ်သို့ ရောက် လိမ့်မည်။ ဖြောင့်မတ် သောသူ တောင့်တ သော အကျိုးကိုကား ၊ ဘုရားသခင်ပေး တော်မူမည်။

25မ တရားသောသူသည် လွန် သွားသော လေဘွေ ကဲ့သို့ ပျောက် တတ်၏။ ဖြောင့်မတ် သောသူမူကား ၊ မြဲမြံ သော တိုက်မြစ် ဖြစ်၏။

26ပုံးရည် သည်သွား ၌ ၎င်း ၊ မီးခိုး သည် မျက်စိ ၌ ၎င်း ဖြစ်သကဲ့သို့ ၊ ပျင်းရိ သောသူသည် စေလွှတ် သောသူ ၌ ဖြစ် ၏။

27ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် အသက် တာကို ရှည် စေတတ်၏။ မ တရားသောသူ ၏ နှစ် ပေါင်းကာလမူကား တို တတ်၏။

28ဖြောင့်မတ် သောသူ၏ မြော်လင့် ခြင်းသည် ဝမ်းမြောက် စရာအကြောင်းဖြစ်၏။ ဆိုး သောသူ၏ မြော်လင့် ခြင်းမူကား ပျောက်ပျက် လိမ့်မည်။

29ထာဝရဘုရား ၏ တရားလမ်း သည် ဖြောင့်မတ် သောသူ ခိုင်ခံ့ ခြင်းအကြောင်း ဖြစ်၏။ မ တရားသဖြင့် ကျင့် သောသူတို့မူကား ၊ ပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။

30ဖြောင့်မတ် သောသူသည် အစဉ် မပြတ်နေရာမှ မ ရွေ့ ရ။ မ တရားသောသူမူကား ၊ မြေ ပေါ်မှာ အတည် မ ကျရ။

31ဖြောင့်မတ် သောသူ၏ နှုတ် မှပညာ စကား ထွက် တတ်၏။ ကောက်လိမ် သော လျှာ မူကား ၊ အဖြတ် ခံရလိမ့်မည်။

32ဖြောင့်မတ် သောသူ၏ နှုတ်ခမ်း တို့သည် နှစ်သက် ဘွယ်သော အရာကို သိကျွမ်း တတ်၏။ မ တရား သောသူတို့ မူကား ၊ ဆန့်ကျင် သော စကား ကို ပြောတတ် ကြ၏။

← Proverbs 9Read In The App, Free →Proverbs 11 →

Study Proverbs 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031