Proverbs 13:7
အလွန် ဆင်းရဲလျက် နှင့် ရတတ် ဟန်ဆောင်သော သူရှိ ၏။ အလွန် ရ တတ်လျက် နှင့် ဆင်းရဲ ဟန်ဆောင်သောသူလည်းရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Proverbs 11:24စွန့်ကြဲ သော်လည်း ဥစ္စာ တိုးပွါးတတ်သော သူရှိ ၏။ အထောက် မတန်စုသိမ်း ၍ ဆင်းရဲ ခြင်းသို့ ရောက်တတ်သော သူလည်း ရှိ၏။
Proverbs 13:11လျှပ်ပေါ် ခြင်းအားဖြင့် ဥစ္စာ သည်လျော့ တတ် ၏။ ကြိုးစား အားထုတ် ၍ ဆည်းဖူး သောသူ ၏ဥစ္စာမူကား ၊ ပြန့်ပွား တတ်၏။
Luke 12:21ထိုအတူ ကိုယ် အဘို့ ဘဏ္ဍာများကိုဆည်းဖူး ၍ ၊ ဘုရားသခင် ရှေ့ တော်၌ ဆင်းရဲ သောသူ မည်သည်ကား၊ ထိုသူဌေးနှင့်တူသည် ဟု မိန့်တော်မူ၏။
Luke 18:11ဖာရိရှဲ သည် တစ်ယောက်တည်းရပ် လျက်၊ အိုဘုရားသခင် ၊ သူ တစ်ပါး တို့သည် အနိုင် အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့် ခြင်း၊ သူ့ မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ် ၌မ ရှိသည်သာမက ၊ ဤ အခွန်ခံ ကဲ့သို့ ပင် မ ဟုတ်သောကြောင့် ကျေးဇူး တော်ကြီးလှပေ၏။
1 Corinthians 4:10ငါ တို့သည် ခရစ်တော် ၏ အကြောင်း ကြောင့် လူမိုက် ဖြစ်ကြ၏။ သင် တို့မူကား ၊ ခရစ်တော် ၌ ပညာရှိ ဖြစ်ကြ၏။ ငါ တို့သည် အားနည်း သောသူ ဖြစ်ကြ၏။ သင် တို့မူကား ၊ အစွမ်း သတ္တိနှင့် ပြည့်စုံသောသူ၊ အသရေ ရှိသောသူဖြစ်ကြ၏။ ငါ တို့သည် အရှက်အကြောက် ခံရသော သူဖြစ်၍ ၊
2 Corinthians 6:10ဝမ်းနည်း သောသူကဲ့သို့ ဖြစ်သော်လည်း ၊ အစဉ် ဝမ်းမြောက် သောသူ၊ ဆင်းရဲ သောသူကဲ့သို့ ဖြစ်သော်လည်း ၊ လူအများ ကိုရ တတ်စေသောသူ၊ ဥစ္စာတစ်စုံတစ်ခု ကိုမျှ မပိုင် သောသူကဲ့သို့ ဖြစ်သော်လည်း ၊ အလုံးစုံ သော သူတို့ကိုပိုင် သောသူဖြစ်သဖြင့်၎င်း ၊ ဘုရားသခင် ခန့်ထား တော်မူသော ဓမ္မဆရာ မှန်ကြောင်းကို အရာရာ ၌ ထင်ရှား စွာပြ၏။